လုပ်ငန်းအကြောင်းအကျဉ်းချုပ်
နိုင်ငံခြားသားဝန်ထမ်း လက်ခံရန်အတွက် ဗီဇာအမျိုးအစားအသစ် ဖြစ်သည့် “ကျွမ်းကျင်လုပ်သား” ဗီဇာမှာ နက်ရှိုင်းလာသည့် လုပ်သားအင်အားမလုံလောက်မှု ကို ဖြေရှင်းလုပ်ဆောင်ရန် အတွက် ကုန်ထုတ်စွမ်းရည်မြှင့်တင်ရန်နှင့် ပြည်တွင်းလုပ်သား ထိန်းသိမ်းထားရှိရန် ကြိုးပမ်းလုပ်ဆောင်သော်လည်း လုပ်သားအင်အား ထိန်းသိမ်းထားရှိရန် ခက်ခဲသည့် အခြေအနေ ဖြစ်နေသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်တွင် သတ်မှတ်ထားသည့် ဘာသာရပ်ဆိုင်ရာ အသိပညာ၊အတတ်ပညာရှိပြီး ချက်ချင်း အသုံးချနိုင်သည့် နိုင်ငံခြားသားဝန်ထမ်းများကို လက်ခံရန် စနစ်ဖြစ်ပါသည်။ ဤ Site မှာ စိုက်ပျိုးမွေးမြူရေး၊သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းဝန်ကြီးဌာနမှ စီမံအုပ်ချုပ်သည့် နယ်ပယ် 2 ခု (စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် ပြင်ပအစားအစာလုပ်ငန်း)ရှိ လက်ခံမည့် လုပ်ငန်း နှင့် နိုင်ငံခြားသားဝန်ထမ်းများ အတွက် ရည်ရွယ်၍ အကျိုးရှိမည့် သတင်းအချက်အလက်များကို ဖြန့်ဝေပါမည်။
ဤစီမံကိန်းသည် စိုက်ပျိုးရေးသစ်တောနှင့်ရေလုပ်ငန်းဦးစီးဌာန၏ "လဲဝ ၃ နှစ် (၁.၄.၂၀၂၀ မှ ၃၁.၃.၂၀၂၁ အထိ) ကျွမ်းကျင်ရန်လေ့ကျင့်ပေးခြင်း၊ ထိန်းသိမ်းခြင်းစသည့် လုပ်ငန်းဆိုင်ရာထောက်ပံငွေကြေးစသည် (နိုင်ငံခြားသားလူ့အရင်းအမြစ်အားလက်ခံသည့် ဘက်စုံထောက်ပံ့ရေးလုပ်ငန်းစဥ်အတွင်းမှ စိုက်ပျိုးရေးကဏ္ဍ၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် ပြင်ပစားသောက်မှုလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသားလူ့အရင်းအမြစ်ကိုလက်ခံရန်ထောက်ခံခြင်း)" နှင့် "လဲဝ ၃ နှစ် (၁.၄.၂၀၂၀ မှ ၃၁.၃.၂၀၂၁ အထိ) နိုင်ငံခြားသားလူ့အရင်းအမြစ်အားလက်ခံသည့် ဘက်စုံထောက်ပံ့ရေးလုပ်ငန်းစဥ်အတွင်းမှ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် ပြင်ပစားသောက်မှုလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသားလူ့အရင်းအမြစ်ကိုလက်ခံရန်ထောက်ခံခြင်း" အားအကောင်အထည်ဖော်လုပ်ဆောင်သည်စီးပွားရေးအဖြစ် JTB ကုမ္ပဏီလိမိတက်မှ လုပ်ဆောင်နေပါသည်။
※ကိုယ်ရေးအချက်အလက်များကိုင်တွယ်ခြင်းနှင့်စပ်လျဉ်း၍ JTB Corp.၏ ကိုယ်ရေးအချက်အလက်ကာကွယ်ထိန်းသိမ်းရေး မူဝါဒနှင့်အညီ စနစ်တကျစီမံခန့်ခွဲသွားမည်ဖြစ်သည်။