လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်းလက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း

ကျွမ်းကျင်လုပ်သားများအား လက်ခံနေသောကုမ္ပဏီများနှင့်၊ ထိုကုမ္ပဏီများတွင် လုပ်ကိုင်လှုပ်ရှားနေကြသော ကျွမ်းကျင်လုပ်သားများ၏ အသံများကို မိတ်ဆက်ပေးပါမည်။

CASE35ပြင်ပအစားအစာလုပ်ငန်းစကိုင်းလခုဟိုးရုဒင်းဂု ကုမ္ပဏီ လိမိတက်

ပွင့်လင်းမြင်သာခိုင်မာမှုရှိသော လုပ်ငန်းခွင်အလားအလာသည် ရေရှည်တွင်"လုပ်သားအရင်းအမြစ်" ကို အကျိုးရှိစွာ အသုံးချနိုင်ရန် အဓိကသော့ချက်ဖြစ်သည်

လုပ်ငန်းအချက်အလက်
  • လုပ်ငန်းအကြောင်းအရာ:အထွေထွေအစားအစာဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများ
  • ဝန်ထမ်းအရေအတွက်:အမြဲတမ်းဝန်ထမ်း ၆၃၆၄ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၁၀၆၂၃၂ ဦး (စကိုင်းလခု လုပ်ငန်းအုပ်စု၏ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက် စာရင်းအရ)
  • အထူးကျွမ်းကျင်လုပ်သားလက်ခံဦးရေ::၂၅၀ ဦးခန့်
    ( မြန်မာ ၁၈၀ ဦးခန့်၊ ဗီယက်နမ် ၅၀ ဦးခန့်၊ နီပေါ ၁၀ ဦးခန့်၊ အခြား ၁၀ ဦးခန့်)
  • အမှတ်စဉ် ၁ အထူးကျွမ်းကျင်လုပ်သားနိုင်ငံခြားသားလက်ခံဦးရေ:၂၆၀ ဦး
  • အမှတ်စဉ် ၂ အထူးကျွမ်းကျင်လုပ်သားနိုင်ငံခြားသားလက်ခံဦးရေ:၀ ဦး

လုပ်သားခန့်ထားရေးဌာန ၊အထွေထွေလုပ်သားရေးရာဌာနချုပ်) ဟိစအို ခိုမအိ စံ

သတ်မှတ်ကျွမ်းကျင်လုပ်သားများကို ဆိုင်ခွဲအများအပြားမှ စောင့်နေပါသည်

ကျွန်ုပ်တို့ကုမ္ပဏီသည် Gustoအပါအဝင် စားသောက်ဆိုင်အများအပြားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ထားပြီး၊ အထူးသဖြင့် တိုကျိုမြို့နှင့် အနီးတစ်ဝိုက်ရှိ ခရိုင် (၃) ခု ရှိ ဆိုင်ခွဲများတွင် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားများ အလုပ် လုပ်ကိုင်လျက်ရှိပါသည်။ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားများသည် အဓိကအားဖြင့် ဧည့်ခံဝန်ဆောင်မှုနှင့် ချက်ပြုတ်မှုဆိုင်ရာတာဝန်များကို ထမ်းဆောင်နေကြပါသည်။ ထို့ပြင် ဆိုင်စီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်သည့် လေ့ကျင့်သင်ကြားပေးသူ ထရိန်နာအဖြစ် ဆောင်ရွက်ခြင်း၊ ပစ္စည်းစာရင်းစီမံခန့်ခွဲခြင်းနှင့် ဝန်ထမ်းစီမံခန့်ခွဲခြင်း စသည့် စီမံခန့်ခွဲ ခြင်းပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

စိတ်ရောကိုယ်ပါ ကြိုးစားလုပ်ကိုင်ကြသော သတ်မှတ်ကျွမ်းကျင်လုပ်သားများသည် ဆိုင်မန်နေဂျာများနှင့် အခြားဝန်ထမ်းများ၏ အသိအမှတ်ပြုမှုမြင့်မားပြီး လက်ရှိတွင် ရုံးချုပ်သို့ ဆိုင်ခွဲအများအပြားမှ "နိုင်ငံခြားသားကျွမ်းကျင်လုပ်သားများကို မိမိတို့၏ဆိုင်တွင် ခန့်ထားပေးစေလိုကြောင်း" တောင်းဆိုသည်များ ရောက်ရှိနေပါသည်။ထို့ကြောင့် ပြည်တွင်းပြည်ပ အေဂျင်စီများမှတဆင့် မိတ်ဆက်ခေါ်ယူခြင်းအပြင် ကုမ္ပဏီမှ တိုက်ရိုက်ခေါ်ယူခြင်းကိုပါ အားဖြည့်ဆောင်ရွက်နေ၍လက်ရှိ အချိန်ပိုင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော နိုင်ငံခြားသားဝန်ထမ်းများအား သတ်မှတ်ကျွမ်းကျင် လုပ်သားအဖြစ်သို့ နေထိုင်ခွင့်အရည်အချင်း ပြောင်းလဲလျှောက်ထားရာတွင်လည်း တက်ကြွစွာ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

ရုံးချုပ်၊ ဝန်ထမ်းနှင့် လုပ်ငန်းခွင် ၏ သုံးပွင့်ဆိုင် အလုပ်အကိုင်လမ်းကြောင်းကို အတူမျှဝေဖော်ဆောင်ခြင်း

ကျွန်ုပ်တို့ကုမ္ပဏီက အထူးအလေးထားတာကတော့ ရေရှည် အလုပ်အကိုင်လမ်းကြောင်းကို အတူတကွ မျှဝေနားလည်ထားဖို့ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ "သတ်မှတ်ကျွမ်းကျင်လုပ်သား အဆင့် (၂)" နေထိုင်ခွင့်ရရှိရေးကို တက်ကြွစွာ ပံ့ပိုးပေးနေပြီး၊ နေထိုင်ခွင့်ရရှိပြီးပါက အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်သောစာမေးပွဲကိုဖြေဆိုကာ လက်ထောက်မန်နေဂျာ မှ မန်နေဂျာ အထိ ဖြစ်လာနိုင်မယ့် အလုပ်အကိုင်လမ်းကြောင်းကို ပြင်ဆင်ပေးထားပါတယ်။ စနစ်တစ်ခုကို ဖန်တီးရုံတင်မကဘဲ (၃) လတစ်ကြိမ် ပြုလုပ်တဲ့ လူသားအရင်းအမြစ်ဌာန နှင့် သတ်မှတ်ထားသည့်ဆွေးနွေးချိန်မှာလည်း ဝန်ထမ်း မှ စဉ်းစားထားတဲ့ အလုပ်အကိုင်လမ်းကြောင်းနဲ့ တိုးတက်မှုအခြေအနေတွေကို မပျက်မကွက် ဆွေးနွေး၍ ဂျပန်စာအရည်အချင်းနှင့်တာဝန်ခံတစ်ယောက်အနေနဲ့ အတွေ့အကြုံတွေ ရရှိနေပြီလားဆိုတာကိုလည်း စစ်ဆေးပါတယ်။ ထို့အပြင် တစ်ပတ်တစ်ကြိမ် ဆိုင်မန်နေဂျာက တွေ့ဆုံစကားပြောပြီး အလုပ်အပြင် နေထိုင်မှုဘဝ အခက်အခဲတွေကိုပါ နားထောင်ပေးပါတယ်။ ဘယ်လိုကိစ္စမျိုးမဆို ပွင့်ပွင့်လင်းလင်း တိုင်ပင်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ကြိုးစားနေပြီး လုပ်ငန်းကျွမ်းကျင်မှုတွေကိုလည်း လေ့ကျင့်ရေးမှတ်တမ်းစာအုပ်တွေနဲ့ စစ်ဆေးကာ ဂရုတစိုက်နဲ့သင်ကြားပြသပေးနေပါတယ်။

တစ်ဖက်မှာလည်း သတ်မှတ်ကျွမ်းကျင်လုပ်သားတွေအတွက် ပံ့ပိုးမှုနဲ့အလုပ်အကိုင်လမ်းကြောင်း အယူအဆတွေဟာ လူသားအရင်းအမြစ်ဌာနက ဘယ်လောက်ပဲ စီမံကိန်းချမှတ်ထားပါစေ၊ လက်တွေ့လုပ်ငန်းခွင်ဆီကို မရောက်ရှိဘူးဆိုရင် အဓိပ္ပာယ်မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လူသားအရင်းအမြစ်ဌာန နဲ့ နိုင်ငံခြားသားဝန်ထမ်းတွေသာမကဘဲ ဆိုင်မန်နေဂျာတွေကိုပါ အလုပ်အကိုင် နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုမျှဝေပေးထားပြီးလုပ်ငန်းခွင်နဲ့တစ်သားတည်းဖြစ်ကာ ရေရှည်တိုးတက်မှုကို ပံ့ပိုးပေးမယ့်စနစ်ကို ဖန်တီးထားပါတယ်။

ဒါ့အပြင် လုပ်ငန်းကျွမ်းကျင်မှုနဲ့ အလုပ်အကိုင်လမ်းကြောင်းဆိုင်ရာ ပညာပေးမှုတွေအတွက် ဆိုင်ခွဲအသီးသီးက နိုင်ငံခြားသားကျွမ်းကျင်လုပ်သားလူဦးရေ ဆယ်ယောက်ခန့်စုစည်းပြီး စုပေါင်းလေ့ကျင့်ရေးသင်တန်းတွေကို ပုံမှန်ကျင်းပပေးပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အားပေးလှုံ့ဆော်မှုတွေပေးရင်း ရင်းနှီးမှုတွေကို ဖန်တီးနိုင်တာကြောင့် ဝန်ထမ်းတွေကြားမှာလည်း လူကြိုက်များပါတယ်။

တိုးတက်လိုစိတ်ကို မြှင့်တင်ပေးသည့် စံပြပုဂ္ဂိုလ် ရှိခြင်း

ကျွန်ုပ်တို့ရဲ့ သတ်မှတ်ကျွမ်းကျင်လုပ်သား ပံ့ပိုးကူညီမှုကဏ္ဍမှာ အဓိကအကျဆုံး အချက်တစ်ခုကတော့ အလုပ်နေထိုင်ခွင့်(နည်းပညာ၊ လူမှုဗဟုသုတနှင့် နိုင်ငံတကာလုပ်ငန်းဆိုင်ရာ) ဗီဇာဖြင့် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသော ငုယင် စံ ရဲ့ တည်ရှိမှုပဲ ဖြစ်ပါတယ်။ အလုပ်ထွက်ဖို့ စဉ်းစားခဲ့တဲ့ နိုင်ငံခြားသားကျွမ်းကျင်လုပ်သားတစ်ယောက်ဟာ ငုယင်စံ ရဲ့ ဆိုင်ကို ပြောင်းရွှေ့အလုပ်လုပ်ခဲ့ပြီးနောက်မှာ စိတ်တွေ ပြောင်းသွားပြီး အလုပ်ကို တက်တက်ကြွကြွ ပြန်လည်လုပ်ကိုင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။ ငုယင်စံ ကို စံပြပုဂ္ဂိုလ်အဖြစ် အားကျပြီး ရည်မှန်းချက်ထားကြတဲ့ သတ်မှတ်ကျွမ်းကျင်လုပ်သားတွေ တကယ်ကို များပြားလှပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို မြင်ပြီးတော့ သတ်မှတ်ကျွမ်းကျင်လုပ်သားနေထိုင်ခွင့်အရည်အချင်းကို ပြောင်းလဲဖို့ ဆန္ဒရှိလာကြတဲ့ နိုင်ငံခြားသားကျောင်းသား (အချိန်ပိုင်းဝန်ထမ်း) တွေလည်း ပိုများလာနေပါတယ်။

နိုင်ငံခြားသားကျွမ်းကျင်လုပ်သားတွေနဲ့အတူ အလုပ်လုပ်တဲ့အခါ သူတို့ကို "လူသားအရင်းအမြစ်" အဖြစ် ရှုမြင်ဖို့ လိုအပ်ပါတယ်။ ရေရှည်တိုးတက်မှု အစီအစဉ်တွေနဲ့ ပွင့်လင်းမြင်သာခိုင်မာမှုရှိသော အလုပ်အကိုင်လမ်းကြောင်းတွေကို ပြသပေးဖို့နဲ့ ကုမ္ပဏီတစ်ခုလုံးက ဝိုင်းဝန်းပံ့ပိုးပေးမယ့် စနစ်တစ်ခု တည်ဆောက်ထားဖို့က အလွန်အရေးကြီးတယ်လို့ ခံစားရပါတယ်။ဒါ့အပြင် နိုင်ငံခြားသားကျွမ်းကျင် လုပ်သားအချင်းချင်း ချိတ်ဆက်မှုတွေကို ဖန်တီးပေးပြီး တိုးတက်မှုကို အပြန်အလှန် မြှင့်တင်ပေးနိုင်မယ့် ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးတာကလည်း အလုပ်လုပ်ချင်စိတ်ကို မြှင့်တင်ပေးရာမှာ များစွာ အထောက်အကူပြုပါတယ်။ ဒါတွေဟာ ကျွန်ုပ်တို့ ကိုယ်တိုင်အတွက်လည်း အမြဲမပြတ် ကြိုးစားနေရမယ့် စိန်ခေါ်မှုတွေဖြစ်ပြီး ယခုကနေစပြီးလည်း ဆက်လက်အားစိုက်ခွန်စိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မန်နေဂျာ ငုယင် မန်း ချွန်းစံ

"အလုပ်ထွက်ဖို့ စဉ်းစားခဲ့ရာမှ" ဆိုင်၏ပင်မမဏ္ဍိုင် ဖြစ်လာခြင်း

ကျွန်တော်ဟာ Gusto စားသောက်ဆိုင်ရဲ့ မန်နေဂျာတစ်ဦးအနေနဲ့ ဆိုင်တစ်ခုလုံးရဲ့ စီမံခန့်ခွဲမှုနဲ့ လည်ပတ်မှုတွေကို တာဝန်ယူဆောင်ရွက်နေသလို ရှင်ဂျုကုဧရိယာက ဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားကျွမ်းကျင်လုပ်သားတွေရဲ့ အလုပ်အကိုင်လမ်းကြောင်းကို ပံ့ပိုးပေးမှုနဲ့ လေ့ကျင့်သင်ကြားရေးတွေကိုလည်း အားစိုက်လုပ်နေပါတယ်။

လက်ရှိ ကျွန်တော်တို့ဆိုင်မှာ ဝန်ထမ်းစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူဦးရေ (၂၀) ခန့်ဟာ နိုင်ငံခြားသားဝန်ထမ်းတွေ ဖြစ်ပါတယ်။ အဲဒီအထဲက နိုင်ငံခြားသားကျွမ်းကျင်လုပ်သား တစ်ယောက်ဖြစ်တဲ့ "ဟားစံ" ဆိုသူမှာ အရင်က တခြားဆိုင်မှာ အလုပ်လုပ်နေစဉ်မှာပဲ "အလုပ်ထွက်ဖို့ စဉ်းစားနေပါတယ်" ဆိုပြီး တိုင်ပင်ခဲ့လာခဲ့ပြီး အခုဆိုင်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ သူဟာ အစပိုင်းမှာ "နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားက ၅ နှစ်ပြီးရင် ပြီးသွားမှာပဲ" လို့ ယူဆထားခဲ့တာမို့ကျွန်တော်က သူ့ရဲ့ နောက် ၅ နှစ်၊ ၁၀ နှစ်အကြာမှာ ဘယ်လိုလူမျိုး ဖြစ်လာချင်သလဲ၊ အိမ်ထောင်ရေးနဲ့ သားသမီးကိစ္စတွေ ကိုရောဘယ်လို စဉ်းစားထားလဲဆိုတဲ့ အနာဂတ်အကြောင်းအရာတွေကို စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးပေးခဲ့ပါတယ်။

သူ့ရဲ့ အလုပ်အကိုင်လမ်းကြောင်းကို အတူတူစဉ်းစားပေးပြီး ရည်မှန်းချက်တွေနဲ့ အနာဂတ်စီမံကိန်းတွေကို ပွင့်လင်းမြင်သာမှုရှိသွားတဲ့အခါမှာတော့ သူဟာ အလုပ်မှာ အခြေကျပြီး အာရုံစိုက်လုပ်ကိုင် နိုင်လာခဲ့ပါတယ်။ အခုဆိုရင် "သတ်မှတ်ကျွမ်းကျင်လုပ်သား အဆင့် (၂)" နေထိုင်ခွင့်အရည်အချင်းရရှိဖို့ အတွက် အားသွန်ခွန်စိုက် ကြိုးစားနေပြီ ဖြစ်ပါတယ်။ သူဟာ တိုးတက်လိုစိတ် အလွန်ထက်သန်တာကြောင့် အလုပ်အကိုင်လမ်းကြောင်းရဲ့ တိုးတက်မှုအခြေအနေကလည်း မြန်ဆန်နေသလို၊ ကိုယ်ပိုင်ဘဝမှာလည်း အိမ်ထောင်ပြုဖို့လည်း ဆုံးဖြတ်ခဲ့ပြီးပါပြီ။သူ့ရဲ့မင်္ဂလာပွဲအတွက် ဇာတိနိုင်ငံကိုရက်အနည်းငယ် ပြန်ဖို့ရန် ဖြစ်လာတဲ့အခါမှာ "ကျွန်တော် အလုပ်နားရင် ဆိုင်ရဲ့ အလှည့်ကျတာဝန်အချိန်တွေဟာ အဆင်ပြေပါ့မလား" ဆိုပြီး စိုးရိမ်တကြီး မေးခဲ့ပါတယ်။ ဒါကို သိသွားတဲ့ ဆိုင်က လုပ်ဖော်ကိုင်ဖက်တွေဟာ "ဟာစံ အတွက်ဆိုရင် ငါတို့တွေ အရင်ကထက် ပိုပြီး အချိန်အလှည့်ကျ ဝင်ပေးပါ့မယ်" လို့ ပြောခဲ့ကြပါတယ်။ စိတ်ပူလောက်စရာ အကြောင်းမဟုတ်ခဲ့ပါဘူး။

ရည်မှန်းချက်ဆီသို့ ဦးတည်သည့်ပြုမူဆောင်ရွက်မှုနှင့် သင်ယူလိုစိတ်အပေါ် စိတ်လှုပ်ရှားမိခြင်း

သတ်မှတ်ကျွမ်းကျင်လုပ်သားတွေကို လက်ခံခေါ်ယူခဲ့တဲ့အတွက် ကုမ္ပဏီအတွင်းမှာ ကောင်းမွန်ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် နေ့လည်စာအချိန်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ လူအင်အားမလုံလောက်မှု ပြဿနာကို ဖြေရှင်းနိုင်ခဲ့တာက အလွန်ကြီးမားတဲ့ ကိစ္စတရပ်ဖြစ်ပြီး အလှည့်ကျတာဝန်အချိန်တွေကလည်း တည်ငြိမ်လာခဲ့ပါတယ်။ ကျွန်တော့်ကို စိတ်လှုပ်ရှားကြည်နူး စေတာကတော့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေအတွက် ကိုယ်တိုင် လုပ်ဆောင်ပြုမူပြီး တစိုက်မတ်မတ် လေ့လာသင်ယူနေကြတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် သူတို့ရဲ့ ကြိုးစားမှုကို မြင်တွေ့ရတဲ့ နိုင်ငံခြားသားကျောင်းသားတွေရဲ့ အလုပ်လုပ်ကိုင်လိုစိတ် တွေပါ မြင့်တက်လာတဲ့အတွက် လုပ်ငန်းခွင်တစ်ခုလုံးအပေါ်မှာ ကောင်းမွန်တဲ့ သက်ရောက်မှုတွေကို ပေးနေပါတယ်။

နိုင်ငံခြားသားမှတ်ကျွမ်းကျင်လုပ်သားတွေ စုစည်းကြတဲ့ လေ့ကျင့်ရေးသင်တန်းမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်ကလည်း သူတို့ရဲ့ သင်ယူလိုစိတ်အပေါ်မှာ အလွန်ပဲ အားရကျေနပ်မိခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အလုပ်လုပ်ပုံနဲ့ စီးပွားရေးဆိုင်ရာ ထုံးတမ်းစဉ်လာတွေကြောင့် စိတ်တွေဝေရတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ နည်းပါးလှတာ မဟုတ်ပေမယ့် သင်တန်းတစ်ခုမှာဆိုရင် တက်ရောက်သူ အယောက်(၅၀)လုံးဟာ သတ်မှတ်ထားတဲ့အချိန် အထိ နေရာမှာသေချာထိုင်ပြီး သင်တန်းကို အလေးအနက်ထား တက်ရောက် ခဲ့ကြပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သင်ကြားပြသပေးကြတဲ့အတွက် သင်တန်းက အရမ်းကို တက်တက်ကြွကြွရှိနေကြပြီး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆီကနေ သင်ယူလိုတဲ့ စိတ်တက်ကြွမြင့်မားမှုကိုလည်း လက်တွေ့ခံစားခဲ့ရပါတယ်။

「နောက် ၅ နှစ်နေရင် မန်နေဂျာအဖြစ်」 လေ့ကျင့်ပျိုးထောင်မှုအစီအစဉ်ကို ၏အနာဂတ်ကိုချပြခြင်း

ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားဘဝတုန်းက တိုကျိုမြို့ထဲက Gusto ဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းအလုပ်ကိုလုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက လူတိုင်းက အလုပ်အပေါ် စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး ကြိုးကြိုးစားစား လုပ်ကိုင်နေကြတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို မြင်တွေ့ခဲ့ရပြီး "ဒါဟာ ဂျပန်နိုင်ငံရဲ့ အလုပ်လုပ်ပုံပဲ" ဆိုပြီး အထင်ကြီးအားကျခဲ့မိတာကပဲ ဒီကုမ္ပဏီကို ဝင်ရောက်ဖို့ အကြောင်းရင်း ဖြစ်လာခဲ့တာပါ။ အဲဒီတုန်းက ခံစားချက်ကို အခုထိ မမေ့ဘဲ "တစ်ခါတလေ ခက်ခဲပင်ပန်းတာတွေ ရှိနိုင်ပေမဲ့ မိမိတို့ရဲ့အနာဂတ်အတွက် ဒီမှာ အတူတူ အားတင်းပြီး ကြိုးစားကြရအောင်" လို့ နိုင်ငံခြားသားကျွမ်းကျင် လုပ်သားတွေကို အမြဲတမ်း အားပေးစကား ပြောပေးနေပါတယ်။

နိုင်ငံခြားသားကျွမ်းကျင်လုပ်သားတွေဟာ အိပ်မက်တွေ၊ ရည်မှန်းချက်တွေကိုပိုက်ပြီး လှုပ်ဆောင် ပြုမူနေကြသူတွေ ဖြစ်ပါတယ်။ အစပိုင်း လေ့ကျင့်ရေးကာလတွေမှာ အခက်အခဲရှိနိုင်ပေမဲ့ သူတို့ရဲ့ အလုပ်အကိုင်လမ်းကြောင်းကို မြင်တတ်အောင် ချပြပြီး၊ ပုံမှန်တွေ့ဆုံဆွေးနွေးတာနဲ့ ခေါင်းစဥ်အသစ်တွေ ပေးတာမျိုးတွေကတစ်ဆင့် တိုးတက်အောင် ပံ့ပိုးပေးမယ်ဆိုရင် သူတို့ဟာ ရေရှည်တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်ပေးမယ့် အားကိုးထိုက်တဲ့ အင်အားစုကြီး ဖြစ်လာမှာပါ။ ကျွန်တော်တို့ မန်နေဂျာတွေ ဝန်ထမ်းတွေအနေနဲ့ "နောက် ၅ နှစ်နေရင် မန်နေဂျာအစည်းအဝေးမှာ ပြန်ဆုံကြရအောင်" လို့ ပြောနိုင်တဲ့အထိ ခိုင်မာတဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ရေးဆွဲပြီး၊ သူတို့ကို ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိနေအောင် လုပ်ပေးဖို့က အလွန်အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။

ကျွမ်းကျင်လုပ်သားနှင့် အင်တာဗျူး

ကြင်နာတတ်သော လုပ်ဖော်ကိုင်ဖက်များကြောင့် အလုပ်များပြီးပင်ပန်းပေမဲ့လည်း အလုပ်လုပ်ရတာ ပျော်ပါတယ်

လဲ့ရွှေဖူးဝေ စံ / မြန်မာ

ဂျပန်နိုင်ငံဟာ ဘေးကင်းပြီး စိတ်ချလက်ချ အလုပ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်တယ်လို့ ယုံကြည်တာကြောင့် နိုင်ငံခြားသားကျွမ်းကျင်လုပ်သားအဆင့် (၁) အရည်အချင်းလက်မှတ် ကို ရယူပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကုမ္ပဏီကို ဝင်ရောက်ခဲ့ပါတယ်။ အလုပ်စဝင်ကာစမှာ ဧည့်သည်တွေ ပြောတာကို ချက်ချင်းနားမလည်တာမျိုးတွေ ရှိခဲ့လို့ အတူတူအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တိုင်ပင် ခဲ့ရပါတယ်။ အလုပ်လုပ်ကိုင်ပုံအဆင့်ဆင့်နဲ့ နားမလည်တဲ့ ဂျပန်စကားလုံးတွေကို မှတ်စုစာအုပ်ထဲမှာ အကုန်ချရေးထားပြီး အိမ်မှာ ပြန်လည်လေ့လာပါတယ်။ မေ့သွားတဲ့အခါမျိုးမှာလည်း မှတ်စုစာအုပ်ကို ပြန်ကြည့်ပြီး အကြိမ်ကြိမ် ပြန်လည်လေ့ကျင့်ပါတယ်။

အခုဆိုရင်တော့ အလုပ်လည်း ကျွမ်းကျင်လာပြီး ဧည့်ခံဝန်ဆောင်မှုအလုပ်အားလုံးကို လုပ်နိုင်နေပါပြီ။ လက်ရှိမှာလည်း ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N2 အောင်မြင်ဖို့အတွက် ကြိုးစားလေ့လာနေပါတယ်။
ဒီကုမ္ပဏီရဲ့ အကြိုက်ဆုံးအချက်ကတော့ ဌာနမှူးတွေ၊ မန်နေဂျာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက အရမ်းကို ကြင်နာယဉ်ကျေးကြတာပါပဲ။ ကျွန်မအလုပ်လုပ်တဲ့ဆိုင်မှာ ဂျပန်၊ မြန်မာ၊ ဗီယက်နမ်နဲ့ နီပေါနိုင်ငံသားတွေ စုပေါင်းလုပ်ကိုင်နေကြပါတယ်။ ဆိုင်အကြီးကြီးဖြစ်လို့ ဧည့်သည်လည်း များပါတယ်၊ ဒါပေမဲ့ စိတ်သဘောထားကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အလုပ်လုပ်ရတဲ့အတွက် အလုပ်များပြီး ပင်ပန်းပေမဲ့လည်း အလုပ်လုပ်ရတာပျော်ပါတယ်။ဂျပန်နိုင်ငံဟာ ကျွန်မထင်ထားတဲ့အတိုင်းပဲ ဘေးကင်းပြီး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပါတယ်။ ဒီနောက်ပိုင်းမှာ သတ်မှတ်ကျွမ်းကျင်လုပ်သား အဆင့်(၂) ကို ရရှိဖို့အတွက် အလုပ်ရော ပညာရပ်ပိုင်းမှာပါ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပြီး တစ်နေ့မှာ ဆိုင်မန်နေဂျာ ဖြစ်ချင်ပါတယ်။

ဂျပန်စာအရည်အချင်းကို မြှင့်တင်ပြီး မန်နေဂျာတစ်ဦးအဖြစ် အစွမ်းပြလိုပါတယ်

ငိုသီဟွန်း စံ / ဗီယက်နမ်

ဂျပန်နိုင်ငံကို အလုပ်သင် သင်တန်းသားအဖြစ် လာရောက်ခဲ့ပြီး၊ အလုပ်လုပ်ကိုင်ရင်းနဲ့ ဂျပန်စာ အရည်အချင်းကိုပါ မြှင့်တင်နိုင်မယ့် အခွင့်အရေးကို သဘောကျတာကြောင့် စားသောက်ကုန်လုပ်ငန်းရဲ့ နိုင်ငံခြားသားကျွမ်းကျင်လုပ်သားနေထိုင်မှုအရည်အချင်းကို ရယူခဲ့ပါတယ်။ စကိုင်းလခုဟိုးရုဒင်းဂု ကုမ္ပဏီကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းကတော့ လုပ်ငန်းပမာဏကြီးမားပြီး ခိုင်မာတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ ယူဆခဲ့လို့ပါ။ လတ်တလောမှာတော့ မီးဖိုချောင်မှာ ချက်ပြုတ်ရေးပိုင်းကို အဓိကတာဝန်ယူထားပြီး၊ သင်တန်းပေးသူ တစ်ယောက်အနေနဲ့ တခြားအချိန်ပိုင်းဝန်ထမ်းတွေကိုလည်း သင်ကြားပြသပေးနေပါတယ်။

အတွေ့အကြုံနည်းတဲ့သူတွေကို စကားနဲ့ပြောရုံတင်မကဘဲ ကျွန်မကိုယ်တိုင် အရင်ဦးဆုံး လက်တွေ့အကြိမ်ကြိမ် လုပ်ပြပြီးမှ သူတို့ကို ပြန်လုပ်ခိုင်းတာမျိုး စတဲ့ သင်ကြားနည်းတွေကို ကိုယ်တိုင်စဉ်းစားပြီး ကြိုးစားသင်ကြားပေးနေပါတယ်။
အလုပ်စတင်သင်ယူချိန်မှာ အခက်ခဲဆုံးကတော့ စားသောက်ဆိုင်လုပ်ငန်းနဲ့ ဆိုင်တွင်းသုံး အထူးစကားလုံးတွေကို မှတ်သားရတာပါ။ အထူးသဖြင့် ဟင်းလျာ မီနူးနာမည်တွေနဲ့ ပါဝင်ပစ္စည်းတွေကို မှတ်ရတာ တကယ်ကို မလွယ်ကူခဲ့ပါဘူး။ဒါပေမဲ့ ဘာသာစကားမျိုးစုံနဲ့ ကြည့်ရှုနိုင်တဲ့ ဗီဒီယိုလမ်းညွှန်တွေ ရှိတာကြောင့် မှတ်သားရတာ ပိုလွယ်ကူပါတယ်။ အလုပ်ကျွမ်းကျင်လာတဲ့ အခုအချိန်မှာတော့ မီနူးအသစ်တွေရဲ့ ချက်ပြုတ်ပုံကို သင်ယူရတာကို ပျော်ရွှင်ဖို့ကောင်းပြီး နေ့စဉ်စိန်ခေါ်မှုအသစ်တွေကို လုပ်ဆောင်ရတာက မိမိအတွက် တကယ်ကို အလုပ်လုပ်ရကျိုးနပ်စေပါတယ်။ အခုအလုပ်လုပ်နေတဲ့ ဆိုင်မှာ အလုပ်များတဲ့အချိန်ဆိုရင်တောင် တစ်ယောက်ကိုတစ်ယောက် ဝိုင်းဝန်းကူညီပေးကြတဲ့ ပတ်ဝန်းကျင်ကောင်းရှိလို့ အရမ်းသဘောကျပါတယ်။ပထမဦးဆုံးအနေနဲ့ ဆိုင်ရဲ့အလုပ်အားလုံးကို ကျွမ်းကျင်အောင် သင်ယူပြီး မန်နေဂျာကို ပံ့ပိုးကူညီပေးသွားမှာဖြစ်သလို နိုင်ငံခြားသားကျွမ်းကျင်လုပ်သား အဆင့်(၂) နဲ့ နောက်တဆင့် မန်နေဂျာဖြစ်လာဖို့က မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲ ဖြစ်ပါတယ်။ မန်နေဂျာ တစ်ယောက် ဖြစ်လာဖို့အတွက်လည်း ဂျပန်စာအရည်အချင်းကို ဒီထက်ပိုပြီး မြင့်အောင်လုပ်သွားချင် ပါတယ်။

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

ပြင်ပအစားအစာလုပ်ငန်း

next
prev

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။