မိမိတို့ဆိုင်သည် ယခင်ကတည်းက အချိန်ပိုင်းအလုပ်သမားအဖြစ် နိုင်ငံခြားသားကျောင်းသားများကို ခန့်အပ်လျက် ရှိသည့်အပြင် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်နိုင်ငံသို့ အများအပြား လာရောက်လည်ပတ်ကြသော ဧည့်သည်များ ဆိုင်သို့ လာရောက်ကြသောကြောင့် ဝန်ထမ်းများသည် နိုင်ငံခြားသားအလုပ်သမားများနှင့် အတူတကွ အလုပ်လုပ်ခြင်းနှင့် ပတ်သက်၍ အထူးတလည် စိတ်ထဲ ထားသည့်ပုံ မရဟု ထင်မြင်မိပါသည်။
မိနိုစံ၏ လူနေမှုဘဝအခြေအနေနှင့် ပတ်သက်၍မူ ကာယကံရှင်သည် အသက် ၄၀ အရွယ်တွင် မိမိခြေထောက်ပေါ် မိမိ ရပ်တည်နေခြင်း ဖြစ်ပြီး မှတ်ပုံတင်ရထောက်ပံ့ရေးအဖွဲ့အစည်းထံမှ အရည်အသွေးမြင့် အထောက်အပံ့များ ရနေသောကြောင့် မိမိဆိုင်တွင် အလုပ်လုပ်ရသည်မှာ အခက်အခဲ သိပ်မရှိပါ။
ိုင်ငံခြားသားဝန်ထမ်းများကို အလုပ်ခန့်အပ်ရာတွင် ဆာ့ပိုရိုမြို့တွင် ထိုနိုင်ငံခြားသား၏ ဇာတိဖွားများအသင်းအဖွဲ့ ရှိမရှိကို မိမိတို့ သေချာစုံစမ်းမေးမြန်းလေ့ ရှိပါသည်။ နိုင်ငံခြားသားအလုပ်သမား ကာယကံရှင်၏ အလုပ်လုပ်လိုစိတ် မည်မျှပင် ပြင်းပြစေကာမူ လုပ်ငန်းခွင်ပြင်ပတွင် နေစရာနေရာ သို့မဟုတ် လူမှုအသင်းအဖွဲ့ မရှိပါက အလုပ်ကို စိတ်အေးချမ်းသာစွာ ဆက်လုပ်နိုင်ရန် ခက်ခဲသည်ဟု ထင်သောကြောင့် ဖြစ်ပါသည်။ အမှန်တကယ်က ထိုအသင်းအဖွဲ့တွင် ပါဝင်ခြင်းရှိမရှိသည် ကာယကံရှင် ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သော်လည်း အလုပ်ခန့်အပ်ချိန်၌ ဆာ့ပိုရိုမြို့တွင် လူမှုအသင်းအဖွဲ့ရှိသော နိုင်ငံသားများကို ရွေးချယ်ခန့်အပ်ပြီး စဉ်ဆက်မပြတ် အလုပ်လုပ်နိုင်သော ပတ်ဝန်းကျင်ကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
ိုင်ငံခြားသားလုပ်သားများကို လက်ခံခန့်အပ်ရာတွင် နိုင်ငံသားကွဲပြားမှုကို စိတ်ထဲ မထားဘဲ လူတစ်ယောက်၏ ကိုယ်ရေးကိုယ်တာအဖြစ် လေးစားစွာ ဆက်ဆံသွားရန် အရေးကြီးသည်ဟု ထင်ပါသည်။ နောင်တွင်လည်း မိမိတို့ဆိုင်တွင် မည်သို့ပင် နိုင်ငံသား ကွဲပြားပါစေ မိမိတို့၏ စီမံခန့်ခွဲမှု အတွေးအမြင်နှင့် တန်ဖိုးထားမှုများကို စာနာနားလည်သူများအား ရွေးချယ်ခန့်အပ်ပြီး အတူတကွ အလုပ်လုပ်ကိုင်သွားလိုပါသည်။