လက်ရှိ နိုင်ငံခြားသားကျွမ်းကျင်လုပ်သားများ တာဝန်ယူထားသည်မှာ မီးဖိုချောင်တွင် ချက်ပြုတ်ခြင်း၊ ဧည့်ခံခြင်း၊ ဟင်းလျာများ တည်ခင်းခြင်း ဟူသော လုပ်ငန်းတာဝန်များ ဖြစ်ပါသည်။ လူအား များလာပြီး ဂျပန်လူမျိုးဝန်ထမ်းများ၏ အလုပ်ဝန်ကို လျှော့ချနိုင်ခဲ့သည်မှာ အမှန်ပင် ဖြစ်ပြီး ကာယကံရှင်များ၏ လင်းလက်တောက်ပစွာ နှစ်လိုဖွယ်ရှိသော အကျင့်စရိုက်သည် လုပ်ငန်းခွင်ကို ပျော်ရွှင် တက်ကြွစေသော ကောင်းမွန်သည့် အသံနေအသံထားများဖြင့် ပြည့်နှက်နေစေပုံ ရသည်ဟု ထင်ပါသည်။
အလုပ်ခန့်အပ်ပြီးနောက်ပိုင်း နိုင်ငံခြားသားအထူးကျွမ်းကျင်လုပ်သား ၂ ဦးထံ အရင်ဆုံး တောင်းဆိုခဲ့သည်မှာ မီနူးတွင် ရှိသော စာလုံးများကို ဟီရခနနှင့် ခန်းဂျီးဖြင့် ရေး၍ မှတ်သားရန် ဖြစ်ပါသည်။ ဤကုမ္ပဏီတွင် ခန်းမထဲ၌ လက်ခံထားသော အော်ဒါများကို မီးဖိုချောင်ရှိ ပရင်တာဖြင့် ပရင့်ထုတ်ပြီး ထိုပရင့်ထုတ်ထားသည်ကို အခြေခံ၍ ချက်ပြုတ်ခြင်းနှင့် အလုပ်များ ရှေ့ဆက် လုပ်သွားရမည် ဖြစ်ပါသည်။ စာလုံးကို ကြည့်၍ “မည်သည်ကို မဖြစ်မနေ လုပ်ရမည်နည်း” ဆိုသည်ကို မဖြစ်မနေ စိတ်ကူးမှန်းဆရမည်ဖြစ်သည့်အတွက် အလုပ်အခြေခံအနေဖြင့် မီနူး ရေးမှတ်ခြင်းကို ကြပ်မတ်စွာ ကြိုးပမ်းလုပ်ကိုင်စေခဲ့ပါသည်။
ထိုသူ ၂ ဦးနှင့် အလုပ် အတူတူ လုပ်စဉ်အတွင်း မိမိတို့၏ ဂျပန်လူမျိုးဘက်မှ စကားပြောပုံကိုလည်း သူတို့နှင့် ပိုမိုနီးစပ်သည့်ပုံစံကို ပြောင်းလဲခဲ့ပါသည်။ ယခုဆိုလျှင် ရယ်စရာကိစ္စ ဖြစ်နေသော်လည်း ယခင်က Rana စံ အလုပ်လုပ်သော ဆိုင်တွင် အကြော်စက်ထဲမှ တန်ပူရာများကို ဆယ်ယူစေရန် [ရာနာရေ။ အဲဒါတွေ၊ ဆယ်ထားလိုက်] ဟု ညွှန်ကြားလိုက်ရာ Rana စံမှ ဝေခွဲမရဖြစ်ကာ တန်ပူရာအသစ်များကို စကြော်ခဲ့တဲ့ ဖြစ်စဥ်က ရှိခဲ့ပါသည်။ ဆီထဲမှ ဆယ်ခြင်းသည် လည်းကောင်း၊ တန်ပူရာကြော်ခြင်းသည် လည်းကောင်း အသံထွက်သည် [အာဂဲရု] ဟူ၍ အတူတူပင် ဖြစ်သောကြောင့် ဂျပန်စာ လေ့လာဆဲ ဖြစ်သော သူတို့သည် ရုတ်တရက် ပြောခံရလိုက်သော်လည်း ခွဲခြားရန် ခက်လှပါသည်။ ထိုအချက်ကို သတိထား မပြောလျှင် နားလည်မည်မဟုတ်ကြောင်း မိမိတို့သည်လည်း ကိုယ်နှင့်ရင်း၍ ပညာရခဲ့သည့်အပြင် ထိုကိစ္စနောက်ပိုင်းတွင် 5W1H ကို အသိတရား ထားရှိ၍ ပြောဆိုနည်း၊ အခြားသော နားလည်ရလွယ်သည့်ပြောနည်းတို့ကို ဂရုစိုက်ပြီးပြောင်းသုံးခဲ့ကြပါသည်။