လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း 

ကျွမ်းကျင်လုပ်သားများအား လက်ခံနေသောကုမ္ပဏီများနှင့်၊ ထိုကုမ္ပဏီများတွင် လုပ်ကိုင်လှုပ်ရှားနေကြသော ကျွမ်းကျင်လုပ်သားများ၏ အသံများကို မိတ်ဆက်ပေးပါမည်။

CASE18ပြင်ပအစားအစာလုပ်ငန်းHanamaru Inc.

ဆူရှီ(Sushi)ပညာရှင်၏နည်းပညာနှင့် ဧည့်ဝန်ဆောင်မှုကိုအစကနေညွှန်ကြားပေးသည်

လုပ်ငန်းသတင်းအချက်အလက်
  • လုပ်ငန်းအကြောင်းအရာ : ဆူရှီဆိုင်၊ Kaiten Sushi ခိုက်တန်းဆူရှီဆိုင် စီမံခန့်ခွဲရေး
  • ဝန်ထမ်းအရေအတွက် : ၈၉၃ ဦး
  • ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားလက်ခံထည့်သွင်းသည့်အရေအတွက် : ၄ ဦး (အုပ်စုအမျိုးအစားခွဲခြင်း။ ။ တောင်ကိုရီးယား ၃ ဦး၊ ထိုင်ဝမ် ၁ ဦး)

ငါးကိုကိုင်တွယ်ပြီး ဆူရှီ(ထမင်းလုံး)ဆုပ်သည့်ပညာရှင်အဖြစ်လုပ်ငန်းခွင်သို့

လုပ်ငန်းတိုးချဲ့ခြင်း၊ ဆိုင်အရေအတွက်တိုးလာသည်နှင့်အမျှ ဝန်ထမ်း
အင်အားမလုံလောက်ခြင်းကိုဖြေရှင်းရန်အတွက်၊ စားသောက်ဆိုင်လုပ်
ငန်းခွင်တွင် အလုပ်လုပ်ကိုင်ပေးမည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသား
များလက်ခံကျင့်သုံးခြင်းကို စတင်ခဲ့သည်။ကျွမ်းကျင်လုပ်သားနိုင်ငံခြား
သားအားလုံးတို့ကို၊ ငါးကိုင်တွယ်ခြင်း၊ ဆူရှီ(ထမင်းလုံး)ဆုပ်ခြင်း၊ ဧည့်
ဝန်ဆောင်ခြင်းစသည်ဖြင့်၊ ဆိုင်တိုင်းတွင် ဂျပန်လူမျိုးပညာရှင်ဝန်ထမ်း
များနှင့် တူညီသောအလုပ်ကိုတာဝန်ပေးထားလျှက်ရှိသည်။

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများသည်၊ အလုပ်နားလည်မှုမြန်
ဆန်ပြီး၊ ဂျပန်နိုင်ငံတွင်ရောနှောလုပ်ကိုင်လိုသည့် ဦးတည်မှုဖြင့်ကြိုး
စားပေးသည့်အတွက်၊ ကျွန်တော်တို့အတွက် တန်ဖိုးရှိသည့်ခွန်အား
ဖြစ်သည်။ကိုရိုနာကပ်ဘေးကြောင့် လျော့နည်းသွားသည့် inbound
လည်းပြန်လည်စတင်လာပြီး၊ ယခုနောက်ပိုင်းတွင် နိုင်ငံခြားသားအ
လည်အပတ်ခရီးသည်များအားဧည့်ဝန်ဆောင်မှုပေးခြင်း၊ကျွမ်းကျင်
လုပ်သားနိုင်ငံခြားသားများအပါအဝင် နိုင်ငံခြားသားလူ့အရင်းအမြစ်
ခန့်အပ်ရာတွင်လည်းပါဝင်ပေးစေပြီး၊ ကျွန်တော်တို့ကုမ္ပဏီ၏ ဆွဲ
ဆောင်မှုတို့တွင်အကူအညီပေးစေချင်သည်ဟုထင်မိသည်။ အနာ
ဂတ်တွင်၊ ဂျပန်လူမျိုးဝန်ထမ်းများနည်းတူ၊ဆိုင်မန်နေဂျာနှင့် ဧရိ
ယာမန်နေဂျာစသည့် စီမံအုပ်ချုပ်ရေးရာထူးကိုရည်မှန်းစေချင်
သည်ဟု မျှော်လင့်သည်။

ဆိုင်ခရီးစဉ်ဖြင့် ကုမ္ပဏီဝင်ပြီးနောက်ပိုင်း၏ကွာဟချက်ကိုကာကွယ်သည်

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားခေါ်ယူမှုအဆင့်နှင့် ကုမ္ပဏီဝင်ပြီး
နောက်ပိုင်းပညာသင်ကြားရေးသည်၊ဂျပန်လူမျိုးများနှင့်လုံးဝအတူ
တူပဲဖြစ်သည်။ကျွန်တော်တို့ကုမ္ပဏီ၏ ခန့်အပ်ရန်ရွေးချယ်မှု၏ ထူး
ခြားချက်တစ်ခုတွင်၊ ဒုတိယအဆင့်ရွေးချယ်မှုနှင့် နောက်ဆုံးရွေးချယ်
မှုကြားတွင် ထားရှိသည့် “ဆိုင်ခရီးစဉ်” ရှိသည်။ထိုအရာသည်၊ ဆန္ဒရှိ
သူနှင့်တာဝန်ခံက ဖွင့်ထားဆဲဆိုင်သို့သွား၍၊ အတူတူဆူရှီကိုစားရင်း
အလုပ်လုပ်နေသည့်အလုပ်သမားများ၏ သွင်ပြင်ကိုကြည့်စေသည့်
အရာဖြစ်သည်။နိုင်ငံခြားသားအားလုံးကိုလည်း ကျွန်တော်တို့ကုမ္ပဏီ
တွင် အလုပ်လုပ်နေသည့်ပုံရိပ်ကို ရှင်းရှင်းလင်းလင်းသိစေချင်သည့်
အတွက်၊ ကုမ္ပဏီဝင်ပြီးနောက်ပိုင်း၏ကွာဟချက်ကိုကာကွယ်ရန်နှင့်
ဆက်စပ်နေသည်ဟုထင်သည်။

ကုမ္ပဏီဝင်ပြီးနောက်ပိုင်းတွင်၊ ကုမ္ပဏီတွင်း၏လေ့ကျင့်ရေးစနစ်
“ဟနဆာခု တက္ကသိုလ်” တွင်၊ စားသောက်ဆိုင်တွင်အလုပ်လုပ်ရန်
အတွက် လိုအပ်သည့်နည်းပညာနှင့် အသိပညာအားလုံးကို သင်ကြား
ပေးလျှက်ရှိသည်။၁ နှစ်မြောက်တွင် တစ်ပတ် ၂ကြိမ် ရုံးချုပ်တွင်စု
ဝေးစေပြီး၊ ကျွန်တော်တို့ကုမ္ပဏီ၏ စီးပွားရေးမူဝါဒ၊ဧည့်ဝန်ဆောင်
မှုနည်းလမ်း၊ ဆူရှီလုပ်နည်း၊ဓားသွေးနည်းစသည့်၊အကြောင်းအရာ
မျိုးစုံကိုဆည်းပူးစေသည်။ထို့အပြင်၊ စီနီယာဝန်ထမ်းများက လက်
ဦးဆရာအဖြစ်၁နှစ်တာတစ်ယောက်ချင်းစီညွှန်ကြားပေးပြီး၊အထူး
သဖြင့်ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများအား၊ဂျပန်နိုင်ငံ၏လူ့
အဖွဲ့အစည်းဝင်အမူအကျင့်စသည့် အသေးစိတ်အချက်များကိုလည်း ဂရုစိုက်ရင်းအလုပ်ကိုသင်ကြားပေးလျှက်ရှိသည်။

နိုင်ငံခြားသားလူ့အရင်းအမြစ်များနှင့်အသိစိတ်ကွာဟချက်မှအခက်အခဲ

ပထမဆုံးလက်ခံချိန်တွင်၊ ခက်ခဲခဲ့သည်မှာ ဗီဇာလျှောက်သည့်လုပ်ပ်
ငန်းစဉ်ဖြစ်သည်။ကျွမ်းကျင်လုပ်သားသည် အခြားဗီဇာနှင့်နှိုင်းယှဉ်လျှင် လျှောက်လွှာတင်ရန်စာရွက်စာတမ်းကများပြီး၊ထိုပြင်ဆင်မှုသည်နိုင်ငံ
ခြားသားကာယကံရှင်နှင့်ကျွန်တော်တို့နှစ်ဖက်စလုံး၏ဝန်ထုပ်ဝန်ပိုးဖြစ်
ခဲ့သည်။ယခုအခါတွင်၊ ကျွမ်းကျင်လုပ်သားဗီဇာကို သီးသန့်တာဝန်ယူ
သည့်သက်သေခံရှေ့နေနှင့်စာချုပ်ချုပ်ဆိုထား၍၊သိသိသာသာဝန်ထုပ်
ဝန်ပိုးကိုပေါ့လျှော့စေလျှက်ရှိသည်။ထို့အပြင်၊ ခန့်အပ်ရန်လှုပ်ရှားမှု
တွင်ထိတွေ့သည့် နိုင်ငံခြားသားလူ့အရင်းအမြစ်ထဲတွင်၊ ကျွမ်းကျင်
လုပ်သားကို နည်းပညာအလုပ်သင်နှင့်များစွာပြောင်းလဲမှုမရှိသော
အလုပ်ပုံစံဟူ၍ စဉ်းစားနေသည့်သူတွေလည်းရှိပြီး၊ “အဆင့်မြင့်
နည်းပညာကိုသင်ယူပြီးတစ်ချိန်ချိန်မှာစီမံအုပ်ချုပ်ရေးရာထူးသို့” ဟု
ဆိုသည့်ကျွန်တော်တို့၏အတွေးများနှင့်ကွာဟချက်ကို ခံစားခဲ့ရသည်
လည်းရှိသည်။သို့သော်၊ ကုမ္ပဏီဝင်ပြီးနောက်ပိုင်းတွင်ဤအချက်
လည်းအပါအဝင် ညွှန်ကြားပေးခြင်းဖြင့် သူတို့၏အသိစိတ်လည်း
ပြောင်းလဲလာပြီး၊ ယခုအခါတွင် ပိုမိုမြင့်မားသောအဆင့်ကိုရည်
မှန်း၍ အလုပ်ကိုကြိုးပမ်းပေးလျှက်ရှိသည်။

နိုင်ငံခြားသားခန့်အပ်ခြင်းကို “ခက်ခဲသည်” ဟုချီတုံချတုံဖြစ်နေ
သည့် ကုမ္ပဏီလည်းရှိသည်ဟုထင်သော်လည်း၊ ကျွမ်းကျင်လုပ်သား
နိုင်ငံခြားသားအားလုံးသည်၊ အချိန်ယူပြီးသင်ကြားပေးလျှင်ကောင်း
ကောင်းအလုပ်ကိုနားလည်ပြီး၊ခွန်အားတစ်ခုအဖြစ်လှုပ်ရှားပေးမည်
ဖြစ်သည်။ထို့အပြင်၊ “စားလို့ကောင်းပါတယ်” “နောက်ထပ်လာဦး
မယ်၊ ကြိုးစားနော်” ဟူ၍၊ဧည့်သည်အများစုကဂျပန်လူမျိုးဝန်ထမ်း
များထက်ပိုပြီး နွေးထွေးသောအသံများကိုပေးလျှက်ရှိသည်။မလွဲ
မသွေ ‌ရှေ့သို့ဦးတည်၍ စဉ်းစားပေးမည်ဟုထင်မိသည်။

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသား၏ထင်မြင်ချက်

ဟင်းလျာများကိုအကြံပြုပြီးပျော်ရွှင်စေခြင်းကလုပ်ရကျိုးနပ်သည်

ယွန်း ဂရွမ်း(YOON GAYOUNG)စံ/Ms.

ဆိုင်မှာတော့၊ဆူရှီတွေထဲမှ Gunkanmakiနှင့်Makimono(ထမင်းလိပ်)
ပြုလုပ်ခြင်းကို တာဝန်ပေးခြင်းခံရပြီး၊ ငွေရှင်းကောင်တာပိတ်ခြင်းနှင့်
ရောင်းရငွေအစီရင်ခံခြင်းကိုပြုလုပ်သည်လည်းရှိသည်။ဧည့်သည်ကို
ရာသီအလိုက် စားကောင်းသောဟင်းလျာများကို အကြံပြုပြီး၊ ပျော်
ရွှင်စွာသုံးဆောင်ပေးခြင်းက၊အလုပ်လုပ်ရကျိုးနပ်ခြင်းကိုခံစားရသည့်
အခိုက်အတန့်ဖြစ်သည်။တောင်ကိုရီးယားတွင်လည်း၊စားသောက်ဆိုင်
လုပ်ငန်းတွင် အလုပ်လုပ်ခဲ့သည့်အတွက်၊ထိုအတွေ့အကြုံကိုအသုံးချ
ခြင်းနှင့် ဧည့်သည်ကိုတန်ဖိုးထားသည့် ဟာနမာရူ(Hanamaru)၏
စီးပွားရေးမူဝါဒကိုမျှဝေခံစားပြီး ဒီမှာအလုပ်လုပ်ချင်သည်ဟု ထင်ခဲ့
မိသည်။ဆူရှီနှင့်ပတ်သက်သည့်နည်းပညာနှင့်အသိပညာကိုအခြေခံမှ
စ၍သင်ကြားပေးခြင်းသည်လည်း၊ဟာနမာရူ၏ဆွဲဆောင်မှုတစ်ခု
ဖြစ်သည်။

ကျွမ်းကျင်လုပ်သားစနစ်၏ကျေးဇူးကြောင့်အိပ်မက်တွေတကယ်ဖြစ်လာသည်

လျိုး ယီရှိုး(LIAO YISHIOU)စံ/Ms.
【※အစမ်းခန့်ဝန်ထမ်း (၂၀၂၂ ခုနှစ် ၁၂ လ လက်ရှိ)】

အလည်အပတ်ခရီးဖြင့်ဂျပန်ကိုလာခဲ့စဉ်က၊ဂျပန်နိုင်ငံဝန်ဆောင်မှုလုပ်ငန်း
များ၏ဧည့်ဝတ်ကျေပြွန်မှုတွင် စိတ်လှုပ်ရှားခဲ့ပြီး၊ တစ်ချိန်ချိန်ဂျပန်နိုင်ငံတွင်
အလုပ်လုပ်ချင်သည်ဟု စဉ်းစားဖြစ်လာသည်။ပညာအရည်အချင်းဖြင့် နည်း
ပညာ၊လူသားပညာရပ်ဆိုင်ရာအတတ်ပညာ၊နိုင်ငံတကာဝန်ဆောင်မှုဗီဇာ၏ နေထိုင်ခွင့်လက်မှတ်ကိုရယူရန်ခက်ခဲပြီး၊ တစ်ဝက်စိတ်လျော့ခဲ့သော်လည်း၊
ကျွမ်းကျင်လုပ်သားစနစ်၏ကျေးဇူးကြောင့်အိပ်မက်တွေတကယ်ဖြစ်လာ၍
အလွန်ဝမ်းသာမိသည်။မိခင်နိုင်ငံထိုင်ဝမ်တွင်အလုပ်လုပ်ခဲ့သည့်အတွေ့အ
ကြုံရှိသည်ဆိုသော်လည်း၊ဂျပန်မှာတော့အစကနေစရသည်။အများကြီးလေ့
လာဆည်းပူးပြီး၊ ထိုင်ဝမ်လူမျိုးတစ်ယောက်အနေဖြင့် ဂျပန်နိုင်ငံ၏အလုပ်
ခွင်တွင် အသိအမှတ်ပြုခံရစေရန်၊ ခံစားမှုအသစ်ဖြင့်ကြိုးစားသွားပါမည်။

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

ပြင်ပအစားအစာလုပ်ငန်း

次へ
前へ

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။