လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်းလက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း

ကျွမ်းကျင်လုပ်သားများအား လက်ခံနေသောကုမ္ပဏီများနှင့်၊ ထိုကုမ္ပဏီများတွင် လုပ်ကိုင်လှုပ်ရှားနေကြသော ကျွမ်းကျင်လုပ်သားများ၏ အသံများကို မိတ်ဆက်ပေးပါမည်။

CASE13ပြင်ပအစားအစာလုပ်ငန်းHIRO FOOD SERVICE Co., Ltd.

ကောင်းရာညွှန်ပြမှုစနစ်နှင့် ထူးခြားသောလက်ခံကျင့်သုံးမှုကရိယာများဖြင့် တစ်ဦးချင်းစီ၏ စွမ်းရည်ကိုထုတ်ဖေါ်သည်

လုပ်ငန်းအချက်အလက်
  • လုပ်ငန်းအကြောင်းအရာ:။ စားသောက်ဆိုင်စီမံခန့်ခွဲရေး (တရုတ်အစားအစာ၊ ဂျပန်အစားအစာ၊ ပီဇာ၊ ပေါင်မုန့်)
  • ဝန်ထမ်းအရေအတွက်:။ ၂၀ ဦး
  • အထူးကျွမ်းကျင်လုပ်သားလက်ခံဦးရေ:။ ၆ ဦး (သီရိလင်္ကာ ၁ဦး၊ မြန်မာ ၁ဦး၊
    အင်ဒိုနီးရှား ၁ဦး၊ ဗီယက်နမ် ၃ဦး) ※၂၀၂၂ ခုနှစ် ၁၀လပိုင်းအချိန်

နိုင်ငံခြားလူသားအရင်းအမြစ်များအား ထည့်သွင်းလက်ခံရသည့် ရည်ရွယ်ချက်

၂၀၁၃ ခုနှစ်ခန့်မှစ၍နိုင်ငံခြားကျောင်းသားများကို အချိန်ပိုင်းအလုပ်
အနေဖြင့် လက်ခံကျင့်သုံးခြင်းကိုစတင်ခဲ့ပြီး၊ ယခုအခါတွင်ကျွမ်း
ကျင်လုပ်သားအပြင်၊ နည်းပညာရှင် လူမှုဘာသာရပ်ကျွမ်းကျင်နှင့်
နိုင်ငံတကာဝန်ဆောင်မှုနှင့်အထူးလှုပ်ရှားရန်နေထိုင်ခွင့်ဗီဇာတို့ကို
ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများကိုလည်းအလုပ်
ခန့်အပ်လျှက်ရှိသည်။ပြင်ပအစားအစာလုပ်ငန်းသည်၊နှစ်ပေါင်းကြာ
ရှည်စွာလူ့အရင်းအမြစ်မလုံလောက်မှုအခက်အခဲရှိနေခဲ့သည့်လုပ်
ငန်းနယ်ပယ်ဖြစ်သည်။ နိုင်ငံခြားသားလူ့အရင်းအမြစ်က ဧည့်ဝန်
ဆောင်မှုနှင့်အချက်အပြုတ်အကူစသည့်အလုပ်တို့တွင်အလုပ်
ရရှိရန်ကျွမ်းကျင်လုပ်သားစနစ်သည်၊ကျွန်တော်တို့၏ ပြင်ပအ
စားအစာလုပ်ငန်းအတွက်တစ်ခေတ်ဆန်းသစ်စေသောစနစ်ဖြစ်
လျှက်ရှိပြီး၊စနစ်စတင်ပြီးနောက်ပိုင်းမှစတင်၍ နိုင်ငံမျိုးစုံ၏
လူ့အရင်းအမြစ်ကိုလက်ခံထည့်သွင်းခဲ့သည်။ရွေးချယ်ချိန်တွင်၊
လျှောက်ထားသူ၏ ထူးခြားသည့်ကိုယ်ရည်ကိုယ်သွေးစစ်ဆေး
မှုကိုလုပ်ဆောင်ပြီး၊ထိုလူကကိုင်ဆောင်ထားသည့်ကျွမ်းကျင်မှု၊

ပင်ကိုစရိုက်၊ အပြုအမူလက္ခဏာစသည်တို့ကိုနားလည်ပြီး၊
ယ္ခုရှာနေသည့်လူ့အရင်းအမြစ်နှင့် ကိုက်ညီမှုအတိုင်းအတာကို
စစ်ဆေးလျှက်ရှိသည်။ကိုယ်ရည်ကိုယ်သွေးစစ်ဆေးမှုသည်စမ်း
သပ်မှုအဆင့်တွင်သာရှိနေသေးသော်လည်း၊အနာဂတ်တွင်ပြင်ပ
အစားအစာလုပ်ငန်းအားလုံး၏ လက်ခံကျင့်သုံးရန်အထောက်
အကူဖြစ်စေသောကရိယာအနေဖြင့် ပံ့ပိုးမှုပြုသည်ကိုလည်း
စဉ်းစားလျှက်ရှိသည်။

နိုင်ငံခြားသား၀န်ထမ်းများ၏အလုပ်၊ နေထိုင်မှု အခြေအနေ

ကျွမ်းကျင်လုပ်သားဝန်ထမ်းသည်၊အဓိကအားဖြင့် ခန်းမတွင်း
ဧည့်ဝန်ဆောင်ခြင်းနှင့် ငွေစာရင်းရှင်းခြင်း၊ မီးဖိုချောင်တွင်
ချက်ပြုတ်ရန်အဓိကဝန်ထမ်းအနေဖြင့် အလုပ်လုပ်ကိုင်လျှက်
ရှိသည်။စီမံအုပ်ချုပ်သည့်ဆိုင်များထဲတွင် နိုင်ငံခြားသားများ
နှင့်သာ ကိုင်တွယ်ဖြေရှင်းနေသည့် ဆိုင်လည်းရှိပြီး၊ တစ်နိုင်ငံ
တည်းသားများသာအလုပ်လုပ်ကိုင်သည့်ဆိုင်၊နိုင်ငံပေါင်းစုံ၏
နိုင်ငံသားများကရောနှော၍အလုပ်လုပ်ကိုင်သောဆိုင်စသည်
ဖြင့်၊ ဝန်ထမ်းဖွဲ့စည်းပုံသည်ဆိုင်အလိုက်အမျိုးမျိုးဖြစ်သည်။
ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများအား လက်ခံကျင့်သုံးမှု
စတင်ခဲ့သည်မှာ ၃နှစ်ရှိခဲ့ပြီဖြစ်သော်လည်း၊အချိန်အတိုင်းအ
တာတစ်ခုအလုပ်လုပ်ကိုင်ပြီးနောက်ပိုင်းတွင် အလုပ်ထွက်ပြီး၊
အခြားသောအလုပ်သို့ပြောင်းသွားသော ဝန်ထမ်းများလည်း
နည်းမည်မဟုတ်ပါ။ အလုပ်အသစ်ကို ကြိုးစားကြည့်ချင်သည်
ဟုဆိုသည့်သူတို့ကိုအားပေးကြမယ်ဟုဆိုသည့် အတွေးကနေ၊
ကျွန်တော်တို့ဟာအလုပ်ထွက်တာကို “အလုပ်ပြီးဆုံးတယ်”ဟု
ခေါ်ဆိုကြပြီး၊ဂျပန်နိုင်ငံမှာအမျိုးမျိုးတွေ့ကြုံခံစားစေပြီး မိခင်
နိုင်ငံသို့ ပြန်သွားစေချင်သည်ဟုမျှော်လင့်မိသည်။

နောက်ဆက်တွဲစနစ်

ကုမ္ပဏီဝင်ပြီးမကြာခင်မှာ၊ မြို့ဆင်ခြေဖုန်းဆိုင်တွင်အလုပ်လုပ်
ကိုင်ရင်း ဂျပန်ဘာသာစကားနှင့်အလုပ်ကိုမှတ်သားစေမည်။
အသစ်ဝင်လာသည့်နိုင်ငံခြားသားကိုဖြင့်၊ တစ်နိုင်ငံတည်းသား
စီနီယာဝန်ထမ်းအားညွှန်ပြသူအဖြစ်တွဲကပ်ပေးပြီး၊အလုပ်မှ
စ၍နေထိုင်မှုအထိပံ့ပိုးပေးသည့်စနစ်ကိုရယူလျှက်ရှိသည်။
ထိုကောင်းရာညွှန်ပြမှုစနစ်သည်၊ စိတ်အေးချမ်းစွာအလုပ်လုပ်
နိုင်သည့် ပတ်ဝန်ကျင်ဖန်တီးမှုနှင့်ချိတ်ဆက်လာမည်မှာဧကန်
ဖြစ်ပြီး၊ကျွမ်းကျင်လုပ်သားနိုင်ငံခြားသား တစ်ဦးချင်းစီ၏
စွမ်းရည်နှင့်အားသာချက်၊ ပင်ကိုစရိုက်၊အလုပ်မှတဆင့်နား
လည်းပြီး၊ပိုမိုပြီးလူမှန်နေရာမှန်ရောက်စေရန်အတွက်လည်း
အသုံးဝင်လျှက်ရှိသည်။ထို့အပြင်၊ မြို့ဆင်ခြေဖုန်းဆိုင်သည်
ဒေသ၏စားသုံးသူတို့နှင့်အကွာအဝေးနီးလာပြီး၊ ကြိုးစားစွာ
အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားဝန်ထမ်းများနှင့်ထိတွေ့
သည့်စားသုံးသူများထံမှ၊ ရာသီကုန်အသီးအနှံစသည့် လက်
ဆောင်ပစ္စည်းရရှိခြင်းတို့သည်လည်းအဆန်းမဟုတ်ပါ။
ကျွန်တော်တို့လုပ်ငန်းဘက်က “နိုင်ငံခြားသားများနှင့်အတူ
အလုပ်လုပ်သွားမည်” ဟုဆိုသည့်ရပ်တည်မှုကိုသဘာဝအ
တိုင်းစိတ်ရှည်ရှည်နဲ့ပြသွားဖို့က၊ ဒေသ၌လက်ခံထည့်သွင်း
နိုင်ရန်အတွက်အရေးအကြီးဆုံးဟုခံစားရသည်။ နိုင်ငံခြား
သားနှင့်အတူ အလုပ်လုပ်ကိုင်ရန်အတွက်၊ တစ်ဦးချင်းစီ၏
ရင်ဆိုင်နေရသည့်နောက်ကြောင်း၊အဆင်သင့်ဖြစ်ခြင်း၊
တွေးတောနေသည်တို့ကို နားလည်ပေးနိုင်ခြင်းကအရေး
ကြီးသည်။အလုပ်ခန့်အပ်သည့်ဘက်က ထိုအရာကိုသိနေ
ခဲ့လျှင်၊ အနည်းနဲ့အများဆက်ဆံပြောဆိုမှု အဆင်မပြေ
သည့်အခါတွင်လည်း၊ တစ်ဦးနှင့်တစ်ဦးပူးပေါင်းခြင်းပြု
နိုင်မည်ဖြစ်သည်။ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားသည်၊

လက်ခံထည့်သွင်းသည့်လုပ်ငန်းတွင်တန်ဖိုးအသစ်နှင့်ယဉ်
ကျေးမှုကို ယူဆောင်ပေးလာမှုရှိပြီး၊ တစ်ဦးချင်းစီ၏စွမ်း
ရည်ကိုအသုံးချ၍အလုပ်လုပ်စေခြင်းက ကျွန်တော်တို့
လုပ်ငန်းဘက်၏ကြီးပွားတိုးတက်မှုတွင်လည်း ဆက်စပ်
နေသည်ဟုထင်သည်။

ကျွမ်းကျင်လုပ်သားနှင့် အင်တာဗျူး

စားသောက်ဆိုင်ဖွင့်ရန်ရည်ရွယ်ချက်ဖြင့်နည်းပညာများကိုမြှင့်တင်နေသည်

ဝှမ်း ဗန် ဒုခ် (HOANG VAN DUC) စံ

အစကတည်းကဟင်းချက်ကောင်းခဲ့ပြီး၊ Ramenနှင့် Sushi ကိုလည်းကြိုက်
ခဲ့သည့်အတွက်၊ ဂျပန်နိုင်ငံ၏ပြင်ပအစားအစာလုပ်ငန်းမှာအလုပ်လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။လက်ရှိမှာတော့ မီးဖိုချောင်မှာအချက်အပြုတ်ကိုတာဝန်
ယူနေပါတယ်။အလုပ်မှာအရေးထားတဲ့အရာဟာ၊ မှားယွင်မှုကိုအကြိမ်ကြိမ်
မလုပ်မိဖို့ပါ။မသိတဲ့ကိစ္စတွေကို စီနီယာဆီမှာမေးမြန်းမှတ်သားပြီး၊အချက်
အပြုတ်ကျွမ်းကျင်မှုလည်းအတော်လေးတိုးတက်လာပါတယ်။အထူးသ
ဖြင့်Tenshinhanပေါ်တင်ထားတဲ့ကြက်ဥကိုခပ်ပွပွလေးကြော်တာကျွမ်း
ကျင်ပြီး၊ စားသုံးသူတွေက “အရသာရှိလိုက်တာ” လို့ပြောလျှင်ဝမ်းသာမိ
ပါတယ်။နောင်အနာဂတ်မိခင်နိုင်ငံမှာစားသောက်ဆိုင်ဖွင့်ရန်အတွက်၊
ထပ်မံပြီးနည်းပညာနှင့်အသိပညာတွေကိုလေ့လာချင်ပါတယ်။

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

ပြင်ပအစားအစာလုပ်ငန်း

次へ
前へ

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။