လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်းလက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း

ကျွမ်းကျင်လုပ်သားများအား လက်ခံနေသောကုမ္ပဏီများနှင့်၊ ထိုကုမ္ပဏီများတွင် လုပ်ကိုင်လှုပ်ရှားနေကြသော ကျွမ်းကျင်လုပ်သားများ၏ အသံများကို မိတ်ဆက်ပေးပါမည်။

CASE12စားသောက်ကုန်ထုတ်လုပ်ငန်းMowi Japan Co., Ltd.

နိုင်ငံများစွာမှဝန်ထမ်းများက အလုပ်လုပ်ကိုင်ရလွယ်ကူသောလုပ်ငန်းခွင်ဖန်တီးခြင်း
ကောင်းမွန်သည့် လည်ပတ်မှုကိုဖြစ်ပေါ်စေသည်

လုပ်ငန်းအချက်အလက်
  • လုပ်ငန်းအကြောင်းအရာ:။ ဆော်လမွန်ငါး၊ ထရောက်ရေချိုငါးအမျိုးအစားများမွေးမြူခြင်း၊
  • ဝန်ထမ်းအရေအတွက်:အခြားသောငါးအမျိုးအစားများရောင်းချခြင်း
  • အထူးကျွမ်းကျင်လုပ်သားလက်ခံဦးရေ:။ ၄၅ ဦး (နာရီတာအမှတ် ၂ စက်ရုံ)
    ကျွမ်းကျင်လုပ်သားလက်ခံထည့်သွင်းသည့်အရေအတွက်။ ။ ၆ ဦး (ဗီယက်နမ် ၄ ဦး၊ မြန်မာ ၂ ဦး)

ကျွမ်းကျင်လုပ်သား လက်ခံထည့်သွင်းသည့် ရည်ရွယ်ချက်

ကျွန်တော်တို့ကုမ္ပဏီ၏စက်ရုံသည်၊ နိုင်ငံတကာလေဆိပ်နှင့်နီးပြီး၊
နိုင်ငံခြ ားသားနေထိုင်သူများပြားသည့် ချိဘစီရင်စု နာရီတာမြို့တွင်
တည်ရှိ သည်။ထိုအတွက်၊ စက်ရုံစတင်ဖွင့်လှစ်ကတည်းက ဂျပန်
လူမျိုး၏ အိမ်ထောင်ဖက်နှင့်အမြဲတမ်းနေထိုင်ခွင့်လက်မှတ်ကိုင်
ဆောင်ထားသည့် နိုင်ငံခြားသားလူ့အရင်းအမြစ်ကိုလက်ခံကျင့်သုံး
ခဲ့ပြီး၊ လက်ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်သူ၏ ပျမ်းမျှခြင်း ၈၀ ရာခိုင်
နှုန်းကိုနိုင်ငံခြားသားလူ့အရင်း အမြစ်ကနေရာယူထားပြီး၊ထိုအထဲ
တွင်ကျွမ်းကျင်လုပ်သားနိုင်ငံခြားသား လည်း၆ ဦးပါဝင်သည်။
ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းသည်ရေ စိုသည့်အလုပ်နှင့်
မတ်တက်ရပ်ရသည့်အလုပ်ကများပြီး၊ လူကြိုက်များ သည့်အလုပ်
အမျိုးအစားဟု ပြောရန်ခက်ခဲသည်က လက်ရှိအခြေအနေ ဖြစ်သော်
လည်း၊ဝန်ထမ်းများ၏အသက်အရွယ်ကြီးရင့်လာမှုပေါ်မူတည် ပြီး
နောင်အနာဂတ်၌ လူ့အရင်းအမြစ်မလုံလောက်မှုကိုလည်း ခန့်မှန်း
ထားသည့်အတွက်၊ နှိုင်းယှဉ်လျှင်ငယ်ရွယ်ပြီးလှုပ်ရှားနိုင်စွမ်းရှိသည့်
လူကို လုပ်ငန်းခွင်၏ အဓိကလူ့အရင်းအမြစ်အနေဖြင့် ပျိုးထောင်လို
သည်ဟုစဉ်းစားပြီး၊ ယမန်နှစ်မှကျွမ်းကျင်လုပ်သားနိုင်ငံခြားသား
လက် ခံထည့်သွင်းခြင်းကိုစတင်ခဲ့သည်။အချိန်ပြည့်အလုပ်လုပ်ရန်
ဖြစ်နိုင်ပြီး အလုပ်လုပ်လိုစိတ်မြင့်မား၍၊ အဆင်သင့်လုပ်ဆောင်ရန်
အင်အားစု အဖြစ်တက်ကြွစွာပါဝင်လုပ်ဆောင်ပေးနိုင်သည့် ကျွမ်း
ကျင်လုပ်သားနိုင် ငံခြားသားများအား၊ကုမ္ပဏီကိုအတူတကွ မြှင့်တင်
ပေးရန်တည်ရှိမှုအဖြစ် မျှော်လင့်လျှက်ရှိသည်။

ကျွမ်းကျင်လုပ်သားများ၏ အလုပ်တာဝန်၊ နေထိုင်မှုအခြေအနေ


ကျွမ်းကျင်လုပ်သား ၆ ဦးသည်လက်ရှိ၊ဆော်လမွန်ငါးကုန်ထုတ်
လုပ်မှု၏ အခြေခံအလုပ်ဖြစ်သည့်အရိုးဖယ်ရှားခြင်း၊ သွေးစွန်း
ထင်မှုဖယ်ရှားခြင်း၊ လှီးထားသည့်အသားချိန်တွယ်ခြင်း၊ ထုတ်ပိုး
ခြင်းစသည်တို့ကို တာဝန်ယူ လျှက်ရှိသည်။လုပ်ငန်းစဉ်ကိုလေ့လာ
ပြီးနောက်၊ လိုင်းတွင်းစက်များ၏ လည်ပတ်မှု၊ ပြုပြင်ထိန်းသိမ်းခြင်း
စသည်တို့ကိုလည်းတာဝန်ပေးချင် သည်ဟုစဉ်းစားလျှက်ရှိသည်။
၆ ဦးစလုံးသည်လည်း အလုပ်တက် နောက်ကျခြင်းနှင့်စောပြန်ခြင်း၊
မပြောဆိုဘဲအလုပ်ပျက်ကွက်ခြင်းသည် လုံးဝမရှိခဲ့ပါ။အလုပ်တာ
ဝန်အချိန်၏ ၅ မိနစ်မတိုင်မီပြင်ဆင်မှုပြီးဆုံးနေ ပြီး၊ ပွင့်လင်းပြီး
အပြုသဘောဖြင့်ကြိုးစားစွာအလုပ်လုပ်ကိုင်ပေးသည့် သူတို့၏
အသွင်အပြင်သည်၊ အခြားသောနိုင်ငံခြားသားဝန်ထမ်းများ၏ စံပြ
ဖြစ်နေသည်။ထို့အပြင်၊ ဝါရင့်နိုင်ငံခြားသားအလုပ်သမားများက၊
အလုပ်နှင့်နေထိုင်မှုကဏ္ဍတို့တွင် အသေးစိတ်ဂရုစိုက်ပေးခြင်း
စသည့်၊ နိုင်ငံခြားသားလူ့အရင်းအမြစ်အချင်းချင်းကအကူအညီ
ပေးနေသည် ကိုလည်းတွေ့ရမည်ဖြစ်သည်။ကျွမ်းကျင်လုပ်သားကို
လက်ခံထည့်သွင်း ခြင်းကအခြားသောနိုင်ငံခြားသားအလုပ်သမား
များအားကောင်းသောလှုံ့ ဆော်မှုပေးပြီး၊လုပ်ငန်းခွင်တစ်ခုလုံး၏
စည်းကမ်းနှင့်ပတ်ဝန်းကျင် ကောင်းမွန်လာခြင်းသည်၊ကျွန်တော်
တို့အတွက်ဝမ်းသာပြီးအံ့ဩစရာ ဖြစ်ခဲ့သည်။

နောက်ဆက်တွဲစနစ်

စက်ရုံတွင်ယခု၊ စုစုပေါင်း ၇နိုင်ငံမှ နိုင်ငံခြားသားများက အလုပ်လုပ်
ကိုင်လျှက်ရှိသည်။အမျိုးမျိုးသောနိုင်ငံခြားသားလူ့အရင်းအမြစ်တို့
အား နောက်ဆက်တွဲအထူးသဖြင့် ဦးစားပေးလျှက်ရှိနေသည်က

D&I※(Diversity & Inclusion
ကွဲပြားမှုနှင့်ပါဝင်ခြင်း)
သင်ကြားရေးဖြစ်သည်။ရွေးချယ်ခံရပြီးနောက်၊ ဘေးကင်းရေးနှင့်
ကျန်းမာရေးပညာပေးခြင်းနှင့်အတူတွဲ၍၊ အသားအရောင်နှင့်နိုင်ငံ ကွဲပြားမှုတွင် အနှောက်အယှက်ပေးခြင်း ခွဲခြားဆက်ဆံမှုပြုခြင်း
တို့ကိုလုံးဝခွင့်မလွှတ်ဟုဆိုသည့် ကုမ္ပဏီ၏ရပ်တည်မှုကို ပြင်းထန်
စွာပြောကြားလျှက်ရှိသည်။နေ့စဉ်အထောက်အပံ့အဖြစ်၊ ကျွမ်းကျင်
လုပ်သားများကိုရည်ရွယ်သည့် ဂျပန်ဘာသာစာသင်ခန်းနှင့်လက်ရေး
လှရေးခြင်းအတွေ့အကြုံစသည်တို့အပြင်၊ လုပ်ငန်းခွင်တွင် ဗီဇသစ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးထိုးခြင်းတို့ကိုလည်း လုပ်
ဆောင်လျှက်ရှိသည်။အထူးသဖြင့်ကာကွယ်ဆေးထိုးခြင်းသည်လူ
ကြိုက်များပြီး၊ဆေးကုသရန်စစ်ဆေးလွှာရေးနည်းတို့ကိုကျွန်တော်
တို့ကသင်ပေးခြင်းဖြင့်၊စိတ်သက်သာစွာဖြင့် ဆေးထိုးခြင်းကိုပြုနိုင်
ခဲ့သည်။မကြာသေးမှီက၊ ကျွမ်းကျင်လုပ်သားဖြင့်အလုပ်လုပ်ချင်သူ
က နှုတ်စကားနှင့်အခြားသောနိုင်ငံခြားသားများနှင့် SNSစသည်တို့
ဖြင့်သတင်းအချက်အလက်ဖလှယ်၍၊ဤကုမ္ပဏီကိုသိပြီး အလုပ်
လျှောက်သည့်ကိစ္စများလည်း တိုးပွားလျှက်ရှိသည်။ “နိုင်ငံခြားသား
က အလုပ်လုပ်ရလွယ်ကူသည့် ပတ်ဝန်ကျင်ကိုဖန်တီးခြင်းဖြင့်၊ထပ်
မံပြီးစိတ်အားထက်သန်မှုမြင့်မားသည့်လူ့အရင်းအမြစ်များစုစည်း
လာမည်။” ဟုဆိုသည့် ကောင်းမွန်သောလည်ပတ်မှုကမွေးဖွားနေပုံ
ရသည်။ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားသည်၊ ဂျပန်နိုင်ငံ၏ ကုန်
ထုတ်လုပ်မှုလုပ်ငန်းကျွမ်းကျင်မှုကို လေ့လာဆည်းပူးရင်း အလုပ်
လုပ်ကိုင်ပြီး၊ အိမ်မက်ကိုအမှန်တကယ်ဖြစ်လာရန်အတွက် နည်း
ပညာနှင့် ရင်းနှီးငွေကိုစုဆောင်းသည်။ကျွန်တော်တို့သည်၊သူတို့အား
ထူးချွန်သောဝန်ထမ်းအဖြစ်ကုမ္ပဏီအားပံ့ပိုးပေးစေမည်။ဤနှစ်ဦး
နှစ် ဖက်အကျိုးရှိသည့်ဆက်နွယ်မှုတည်ဆောက်သည့်နေရာတွင်
ကျွမ်း ကျင်လုပ်သားစနစ်၏ကောင်းမွန်ချက်ရှိသည်ဟုထင်သည်။
အခုမှစ ပြီး၊ သူတို့၏အိမ်မက်ကိုအမှန်တကယ်ဖြစ်လာစေသည့်
ကူညီမှုပြု နိုင်ရန်၊ တတ်နိုင်သမျှပံ့ပိုးမှုပြုချင်သည်ဟု စဉ်းစား
လျှက်ရှိသည်။

※D&I(Diversity & Inclusion ကွဲပြားမှုနှင့်ပါဝင်ခြင်း)

အသက်အရွယ်နှင့်လိင်အမျိုးအစား၊ နိုင်ငံသား၊ ပညာရေးနောက်ခံ၊
ထူးခြားသောလက္ခဏာ၊ဝါသနာနှင့်နှစ်သက်မှု၊ကိုးကွယ်သည့်ဘာ
သာတို့နှင့်မသက်ဆိုင်သည့်မြောက်များစွာသော လူ့အရင်းအမြစ်
များက၊ တစ်ဦးနှင့်တစ်ဦးအသိအမှတ်ပြုပြီး၊ ကိုယ်ပိုင်စွမ်းရည်ကို
အပြည့်အဝအသုံးချနိုင်ခြင်းကိုဆိုလိုသည်။
(ကိုးကားချက်မူရင်း။ ။ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံ
ရေးဝန်ကြီးဌာန)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသား အင်တာဗျူး

နိုင်ငံအမျိုးမျိုးမှမိတ်ဆွေများနှင့် အလုပ်လုပ်ကိုင်ရတာပျော်စရာကောင်းသည်

သဲသဲစု(THAE THAE SU)စံ

အတူတူအလုပ်လုပ်သည့်လူအားလုံးကြင်နာကြပြီး၊ နားမလည်သည့်အရာ
ကို စိတ်လှုပ်ရှားမှုမရှိဘဲ မေးခွန်းမေးနိုင်သည့်အတွက် အလုပ်ကပျော်စရာ
ကောင်းသည်။ နိုင်ငံများစွာမှလူများနှင့်အတူ အလုပ်လုပ်ရတာလည်းပျော်
စရာကောင်းသည်။ ဂျပန်မှာကြိုးစားလုပ်ကိုင်ပြီး၊ နောင်အနာဂတ်မြန်မာနိုင်ငံ
မှာဆိုင်ဖွင့်ချင်သည်။

အလုပ်လုပ်ရလွယ်ကူသည့်ပတ်ဝန်းကျင်ဖြစ်ပြီးစိတ်ချစွာအလုပ်လုပ်နိုင်သည်

လီခက်တွမ်း(LE KHAC TUAN)စံ

လုပ်ငန်းခွင်တွင် အမျိုးမျိုးသောစက်များနှင့် ကရိယာပစ္စည်းများစုံလင်၍၊
အလုပ်လုပ်ရလွယ်ကူသည်ဟုထင်သည်။ အလုပ်လုပ်နည်းကိုလည်း၊
ဗီယက်နမ်လူမျိုးစီနီယာထံမှ နားလည်လွယ်အောင် သင်ကြားပေးသည့်
အတွက် စိတ်ချစွာလုပ်နိုင်ခဲ့သည်။ဂျပန်လူမျိုးဝန်ထမ်းနှင့်စကားပြော‌ရင်း
အမျိုးမျိုးသောဂျပန်စကားနှင့် ယဉ်ကျေးမှုကိုလေ့လာနေဆဲဖြစ်သည်။

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

ပြင်ပအစားအစာလုပ်ငန်း

次へ
前へ

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။