လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်းလက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း

ကျွမ်းကျင်လုပ်သားများအား လက်ခံနေသောကုမ္ပဏီများနှင့်၊ ထိုကုမ္ပဏီများတွင် လုပ်ကိုင်လှုပ်ရှားနေကြသော ကျွမ်းကျင်လုပ်သားများ၏ အသံများကို မိတ်ဆက်ပေးပါမည်။

CASE11ပြင်ပစားသောက်မှုလုပ်ငန်းLEOC JAPAN Co., Ltd.

“နိုင်ငံခြားသားဖြစ်သောကြောင့်” ဟုဆိုသော စိတ်အစွဲကိုဖျောက်ရန် အရေးကြီးသည်။

လုပ်ငန်းအချက်အလက်
  • လုပ်ငန်းအကြောင်းအရာ:ဆေးရုံ၊ လူမှုဖူလုံရေးရိပ်သာ၊ လုပ်ငန်း၊ ကျောင်းတို့တွင် အစားအသောက်ဝန်ဆောင်မှုကို စီစဉ်ပေးခြင်း
  • ဝန်ထမ်းအရေအတွက်:21,899 ဦး (2021 ခုနှစ် ဧပြီလ ၁ ရက်နေ့ရှိ)
  • အထူးကျွမ်းကျင်လုပ်သားလက်ခံဦးရေ:123 ဦး (ဗီယက်နမ် 114 ဦး၊ တရုတ် 4 ဦး၊ ထိုင်ဝမ် 2 ဦး၊ စင်ကာပူ 1 ဦး၊ မြန်မာ 1 ဦး၊ ကိုရီးယား 1 ဦး)

နိုင်ငံခြားလူသားအရင်းအမြစ်များအား ထည့်သွင်းလက်ခံရသည့် ရည်ရွယ်ချက်

စားသောက်ဆိုင်လုပ်ငန်းတစ်ခုလုံး၏ လုပ်သားအင်အားမလုံလောက်မှုကို နောက်ခံထားပြီး ကျွန်ုပ်တို့ကုမ္ပဏီတွင် “ဝန်ထမ်းများက စိတ်အေးနိုင်ပြီး အလုပ်လုပ်ရကျိုးနပ်သည့် ပတ်ဝန်းကျင် ကိုလက်တွေ့အကောင်ထည်ဖော်မှုကို ရည်ရွယ်ကာ၊” ကျောင်းပြီးကာစသူ၊ ကျောင်းမပြီးသေးသူ၊ အချိန်ပိုင်းလုပ်သူ စသည့် များပြားစွာသော လုပ်သားခန့်အပ်မှုများကို လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံခြားသားလုပ်သားများ အလုပ်ခန့်အပ်မှုသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ နိုင်ငံခြားသားလုပ်သားများသည် ကျွမ်းကျင်လုပ်သားဝန်ထမ်းများအပြင် နည်းပညာ၊ လူမှုရေးအသိပညာ၊ နိုင်ငံတကာလုပ်ငန်း၏ နေထိုင်ခွင့်ဗီဇာရရှိထားသော ဝန်ထမ်း၊ ပညာတော်သင်ကျောင်းသား အချိန်ပိုင်းလုပ်သူများကိုလည်း မြောက်များစွာအလုပ်ခန့်အပ်လျက်ရှိပါသည်။

နိုင်ငံခြားသားလုပ်သားကို ခန့်အပ်ထားသော ရိပ်သာမှပုဂ္ဂိုလ်များကိုလည်း ကျွန်ုပ်တို့၏ အတွေးကို သေသေချာချာပြောပြကာ အပြန်အလှန်ပတ်ဝန်းကျင်ကို စီစဉ်ဆောင်ရွက်ပြီး လက်ရှိ တစ်နိုင်ငံလုံးတွင် ရိပ်သာ၊ လုပ်ငန်းပေါင်း 200 ကျော်တွင် နိုင်ငံခြားသားလုပ်သားများ လှုပ်ရှားလုပ်ကိုင်လျက်ရှိပါသည်။

နိုင်ငံခြားသား၀န်ထမ်းများ၏အလုပ်၊ နေထိုင်မှု အခြေအနေ

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများသည် ဂျပန်လူမျိုးဝန်ထမ်းများနှင့်အတူတူ စွမ်းရည်အလိုက် မီးဖိုချောင်တွင် ဟင်းချက်ပြုတ်မှု၊ ကြိုတင်ပြင်ဆင်မှု၊ အစားအသောက်စီစဉ်ခြင်း၊ အချိန်ပိုင်းအလုပ်ညွှန်ကြားမှု စသည်တို့ကို တာဝန်ယူလျက်ရှိသည်။ ဂျပန်တွင် အလုပ်လုပ်ချင်သော၊ စွမ်းရည်ပိုမိုမြှင့်တင်လိုသော စိတ်အားထက်သန်မှုရှိသည့်သူများပြားပြီး၊ သက်ကြီးရွယ်အိုများနှင့် ဆေးကုသမှုခံယူနေဆဲသူများအတွက် အစားအသောက်ချက်ပြုတ်သည့်လုပ်ငန်းကို၊ လူမှုအကျိုးပြုနိုင်စွမ်းမြင့်မားသည့် အလုပ်အဖြစ် အသိအမှတ်ပြုပေးခြင်းကို ရရှိနေသည်ဟုဆိုကြသည်။ ဂျပန်ဟင်းလျာတွင်သာရှိသော ချက်ပြုတ်နည်းနှင့် အရသာထည့်သွင်းမှုတွင်လည်း၊ ဘေးပတ်ဝန်းကျင်နှင့် အားသွန်ခွန်စိုက် ဆက်သွယ်ပြောဆိုခြင်းကို ပြုလုပ်ကာ မြင့်မားသောအဆင့်ဖြင့် ကျွမ်းကျင်တတ်မြောက်သောကြောင့် အလွန်အကူအညီရပါသည်။ တဖန် ရိုးသားတည်ကြည်စွာ လုပ်ကိုင်သည့်ပုံသဏ္ဍာန်ကိုမြင်တွေ့ကာ ဂျပန်လူမျိုးဝန်ထမ်းများ၏ အလုပ်အပေါ် စိတ်အားမြင့်တင်မှုလည်း မြင့်တက်လာသည်ဟူသော ထပ်ဆင့်အကျိုးများလည်း ရရှိပါသည်။

နောင်အခါတွင် ဟင်းလျာချက်ပြုတ်ခြင်းအပြင် ဆိုင်စီမံခန့်ခွဲခြင်းလည်း လုပ်နိုင်သော ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားဝန်ထမ်းများကို တိုးမြှင့်ခန့်အပ်မည့်အစီအစဉ်ရှိပါသည်။ အချိန်ပိုမိုကြာမြင့်စွာ စိတ်အေးစွာ လှုပ်ရှားလုပ်ကိုင်နိုင်စေရန်အတွက်၊ ဆိုင်တာဝန်ခံ၊ ဆိုင်ခွဲများစီမံခန့်ခွဲမှု၊ တဖန် ချက်ပြုတ်ခြင်းညွှန်ကြားသူ စသည့် အတိုင်းအတာကျယ်ပြန့်သော အသက်မွေးဝမ်းကြောင်းပုံစံကို ပြည့်၀စေသော စနစ်တည်ဆောက်ရေးလည်း စဉ်းစားလျက်ရှိပါသည်။

နောက်ဆက်တွဲစနစ်

လေ့ကျင့်ရေးတွင် e-learning ကိုမိတ်ဆက်ကာ၊ ချက်ပြုတ်သည့်ဗီဒီယိုစသည်တို့၏ အဆင့်မြှင့်တင်မှုကို စီမံထားပါသည်။ ဂျပန်စာလေ့လာတွေ့ဆုံပွဲများလည်း တစ်ပတ်၂ကြိမ်ကျင်းပကာ၊ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N2、N1 အဆင့်အောင်မြင်မှုကို ရည်ရွယ်သည့် ဝန်ထမ်းများကို စာလေ့လာရေးအစီအစဉ်ကို စီစဉ်ပေးလျက်ရှိပါသည်။ နေထိုင်မှုဘဝနှင့်ပတ်သက်၍လည်း အလုပ်ခန့်အပ်ရေး၊ နေထိုင်ရေး စီစဉ်ပေးမှု၊ အလုပ်တက်ရောက်မှုစသည်တို့ကို အစအဆုံးထောက်ပံ့ပေးသည့် စနစ်ကို ပြင်ဆင်ထားခဲ့သည်။ တစ်ဦးချင်းစီနှင့်ကိုက်ညီသော ထောက်ပံ့မှုဖြစ်နိုင်ရန်အတွက် နည်းပညာ၊ လူမှုရေးအသိပညာ၊ နိုင်ငံတကာလုပ်ငန်းတို့၏ နေထိုင်ခွင့်ဗီဇာကို ပိုင်ဆိုင်သော နိုင်ငံခြားသားဝန်ထမ်းများကို အဓိကထား၍၊ တူညီသောဘာသာစကားကို ပြောနိုင်သောဝန်ထမ်းများက နေထိုင်မှုဘဝနှင့် လေ့ကျင့်ရေးနောက်ဆက်တွဲကို လုပ်ကိုင်ဆောင်ရွက်ပေးနေပါသည်။

တဖန်၊ နိုင်ငံခြားသားလုပ်သားများကို လက်ခံပေးသောမီးဖိုချောင်ဝန်ထမ်းများအား၊ နိုင်ငံခြားသားများနားလည်လွယ်သော “လွယ်ကူသောဂျပန်စာကို” အသုံးပြုစေရန်လမ်းညွှန်နေပါသည်။ ထိုရလဒ်အနေဖြင့်၊ တဖက်သူ၏အခြေအနေနှင့် နားလည်နိုင်စွမ်းပေါ်လိုက်၍ ကိစ္စအကြောင်းအရာများကို ပြောကြားနိုင်သော စိတ်အသိခိုင်မာလာပြီး၊ နိုင်ငံခြားသားလုပ်သားသာမက ဝန်ထမ်းအသစ်များနှင့်၊ ပြောင်းရွှေ့အလုပ်လုပ်လာခဲ့သည့် ဝန်ထမ်းများအပေါ် ပညာရေးလည်း၊ ပိုပြီးသိရှိနားလည်လွယ်လာသည့် အကျိုးများလည်း ရှိခဲ့ပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီတွင်လည်း အစပထမက စကားလုံးများနှင့် ယဉ်ကျေးမှုကွဲပြားမှုမှ၊ နိုင်ငံခြားသားအပေါ် တစ်နေရာရာတွင် ရန်လိုမိသွားသော သူများနှင့် မလိုအပ်သောစိတ်ပူပန်မှုဖြစ်သော သူများလည်းရှိခဲ့ပါသည်။ သို့သော် ကျွန်ုပ်တို့ကုမ္ပဏီတွင် ဝန်ထမ်းလက်ခံသည့်ဘက်သို့ ပညာရေး၊ နိုင်ငံခြားသားလုပ်သားများ၏ က်ိုင်တွယ်ဆက်ဆံမှုနှင့် ပတ်ဝန်းကျင်၏ တိုးတက်ပြောင်းလဲရေး၊ ထို့နောက် မည်သည့်အရာထက်မဆို အလုပ်ခွင်တွင် နိုင်ငံခြားသားလုပ်သားများကိုယ်တိုင်က လှုပ်ရှားဆောင်ရွက်ခြင်းဖြင့်၊ ကုမ္ပဏီတွင်းရှိအသိစိတ်ဓါတ်များလည်း ပြောင်းလဲလာပြီး၊ ကောင်းမွန်သောလည်ပတ်မှုများလည်း ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့နောက် နိုင်ငံခြားသားလုပ်သားကို လက်ခံသည့်လုပ်ငန်းများမှအားလုံးဆီမှလည်း ဆက်ဆက် နိုင်ငံခြားသားလုပ်သားများ၏ ဆန္ဒကိုဖြည့်ဆည်းပေးသည့် ပတ်ဝန်းကျင်ကို စီစဉ်ဆောင်ရွက်ခြင်းများရရှိလိုပါသည်။

ကျွမ်းကျင်လုပ်သားနှင့် အင်တာဗျူး

နည်းနည်းချင်းစီ ဂျပန်ဟင်းလျာကို မှတ်သားကာ၊ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေပါသည်

ထရန် တီ ကမ် ဗန်(TRAN THI CAM VAN)

ဂျပန်စာကျောင်း၏ကျောင်းသားဘဝကတည်းက LEOC တွင်အချိန်ပိုင်းအလုပ်ကို လုပ်ကာ၊ 2021 ခုနှစ်တွင် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားဝန်ထမ်းအဖြစ် အလုပ်ခန့်အပ်ခံရပါသည်။ ထိုအချိန်အထိ ဂျပန်ဟင်းလျာကို မချက်ပြုတ်ဖူးခဲ့သောကြောင့်၊ အစပိုင်းက ရှုပ်ထွေးခဲ့သော်လည်း၊ နေ့တိုင်း ထိုနေ့တွင်ချက်ပြုတ်ခဲ့သောဟင်းလျာကို မှတ်စုမှတ်ကာလေ့လာခဲ့ပါသည်။ ယခုမှာတော့ မီးဖိုချောင်၏တာဝန်ခံပုဂ္ဂိုလ်ထံတွင် “ကျွန်ုပ်တို့ချက်ပြုတ်တာနဲ့အရသာအတူတူပဲနော်” ဟု ပြောလာမှု ရရှိနိုင်ခဲ့ပြီး၊ ဂျပန်လူမျိုးဂျူနီယာများအား အလုပ်ကိုသင်ကြားပေးတာမျိုးလည်းရှိပါသည်။ ဂျပန်ဟင်းလျာကို ပိုပြီး မှတ်သားကာ၊ ဗီယက်နမ်သို့ပြန်လည်းပဲ အမိနိုင်ငံသားများကို ဂျပန်ဟင်းလျာကို သင်ကြားပေးချင်ပါသည်။

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

ပြင်ပအစားအစာလုပ်ငန်း

次へ
前へ

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။