လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်းလက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း

ကျွမ်းကျင်လုပ်သားများအား လက်ခံနေသောကုမ္ပဏီများနှင့်၊ ထိုကုမ္ပဏီများတွင် လုပ်ကိုင်လှုပ်ရှားနေကြသော ကျွမ်းကျင်လုပ်သားများ၏ အသံများကို မိတ်ဆက်ပေးပါမည်။

CASE10စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းHirose Suisan Co., Ltd.

ရည်မှန်းချက်ကြီးစွာထားပြီး ကမ္ဘာတဝှမ်းအသုံးပြုနိုင်သော နည်းပညာနှင့် ဗဟုသုတများကို သင်ယူခြင်း

ထုတ်လုပ်မှုလိုင်းကိုညွှန်ကြားခြင်းနှင့် စီမံခန့်ခွဲခြင်းများပြုလုပ်နိုင်သောဝန်ထမ်းများအတွက်
လုပ်ငန်းအချက်အလက်
  • လုပ်ငန်းအကြောင်းအရာ : ရေထွက်ပစ္စည်းများ ထုတ်လုပ်‌ရောင်းချခြင်း၊ တင်ပို့ခြင်း၊ ‌အေးခဲ အအေးခန်းလုပ်ငန်း
  • လုပ်သားဉီးရေ:၅၉ ဦး
  • ကျွမ်းကျင်လုပ်သားအဖြစ် လက်ခံခဲ့သူအရေအတွက် : ၁၄ ဦး (တရုတ်နိုင်ငံ)

နိုင်ငံခြားလူသားအရင်းအမြစ်များအား ထည့်သွင်းလက်ခံရသည့် ရည်ရွယ်ချက်

ကျွန်ုပ်တို့ကုမ္ပဏီတည်ရှိသာ မွန်းဘဲ့ဆုမြို့ဝန်းကျင်သည် ရေထွက်ပစ္စည်းလုပ်ငန်းထွန်းကားသောဒေသဖြစ်သော်လည်း လူဦးရေလျှော့နည်းလာခြင်းစသည်တို့ကြောင့် လုပ်သားဦးရေမလုံလောက်ဘဲ အလုပ်သမားခန့်ထားရန် အခက်အခဲရှိသည့်အတွက် နိုင်ငံခြားသားများ၏ အကူအညီကိုမဖြစ်မနေရယူရန်လိုအပ်နေသော အခြေအနေဖြစ်ပါသည်။

ကျွန်ုပ်တို့၏ကုမ္ပဏီတွင်လည်း ယခင်ကတည်းက နည်းပညာကျွမ်းကျင်အလုပ်သင်များကို လက်ခံခဲ့ပြီး၊ အထူးနည်းပညာကျွမ်းကျင် နိုင်ငံခြားသားများ၏ အင်အားများဖြင့် ရှေ့ဆက်ခဲ့ပါသည်။

လက်ရှိအလုပ်လုပ်နေကြသော အထူးနည်းပညာကျွမ်းကျင် နိုင်ငံခြားသားများသည် ယခင်က ကျွန်ုပ်တို့ကုမ္ပဏီတွင် နည်းပညာကျွမ်းကျင်အလုပ်သင်များ ဖြစ်ခဲ့ဖူးသူများနှင့် အို့ဟိုးဆုခုဒေသ၏ အခြားရေထွက်ပစ္စည်းလုပ်ငန်းကုမ္ပဏီများတွင် နည်းပညာကျွမ်းကျင်အလုပ်သင်အတွေ့အကြုံရှိကြသူက များကြပါသည်။

နိုင်ငံခြားသားဝန်ထမ်းများလက်ခံရသည့်ရည်ရွယ်ချက်

နိုင်ငံခြားသားဝန်ထမ်းများ၏ အလုပ်နှင့် နေထိုင်မှုအခြေအနေ

နိုင်ငံခြားသားများသည် အထူးသဖြင့် အေးခဲငါးဖယ်၊ အေးခဲကမာ၊ အေးခဲငါး ထုတ်လုပ်ရေးလုပ်ငန်းကို အဓိကတာဝန်ယူရသည်။

အထူးနည်းပညာကျွမ်းကျင် နိုင်ငံခြားသားများသည် အလိုအလျောက်ထည့်သွင်းထုတ်ပို့သောစက်များနှင့် အိဇ်စ်‌ရေးစက် အော်ပရေတာများ၊ ငါးဖယ်အဓိကထုတ်လုပ်မှုများကို လုပ်ကိုင်ရသည်။

အားလုံးသည် လေးနက်စွာအလုပ်လုပ်ကိုင်နေကြသည်မှာ တန်ဖိုးရှိသောစွမ်းအားဖြစ်သည်။

ငါးဖယ်သည် လုပ်သားများ၏အမိနိုင်ငံဖြစ်သော တရုတ်နိုင်ငံမှစတင်၍ အမေရိက၊ ထိုင်းစသည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထုတ်လုပ်လျက်ရှိသည်။

ဤနေရာတွင် ရလိုက်သော နည်းပညာများကို ကမ္ဘာတဝှမ်းတွင်အသုံးချခြင်း၊ အဓိကထားလုပ်ဆောင်သောလုပ်ငန်းများတွင်လည်း အားကိုးခံရခြင်းတို့ကို နေ့စဥ်လုပ်ဆောင်ခြင်းမှတဆင့် ရရှိနိုင်ပြီး၊ နားမလည်သောအရာရှိလျှင် သောကမရောက်ဘဲ မှန်ကန်သော ဗဟုသုတနှင့်နည်းပညာများကို သင်ယူလေ့လာနိုင်ပါသည်။

တဖန်၊ တရုတ်ဘာသာသင်ထောက်ကူများဖြင့် HACCP နှင့်ပတ်သတ်၍ သင်ယူ၍ ပိုမိုကောင်းမွန်သော ထုတ်ကုန်ကိုထုထ်လုပ်နိုင်သည့် အသိပညာများကိုလည်း သတိထားလုပ်ဆောင်နေပါသည်။

မွန်းဘဲ့ဆုမြို့ အပြည်ပြည်ဆိုင်ရာ ဖလှယ်မှုမြှင့်တင်ရေးရုံးမှ နိုင်ငံခြားသားများအတွက် အထွေထွေဧည့်ကြိုနေရာကို ပြင်ဆင်ထားခြင်းစသည့် နိုင်ငံခြားသားများ၏ ဘဝနေထိုင်ရေးကို ထောက်ပံ့နိုင်ရင် ကြိုးပမ်းနေပါသည်။

ယခင်က အမျိုးမျိုးသောပွဲတော်များလည်းရှိပြီး၊ ဒေသနှင့်ထိတွေခွင့်များခဲ့သော်လည်း လက်ရှိတွင် ကိုရိုနာပြန့်နှံ့မှုကြောင့် ပွဲတော်အများစုမှာရပ်ဆိုင်းထားပါသည်။

ကုမ္ပဏီတွင်းတွင်လည်း နှစ်သစ်ကူးပွဲ၊ လူမှုစုံညီပွဲများကို ရပ်ဆိုင်းထားရသဖြင့် ဖလှယ်ပွဲများလုပ်ရန် အနည်းငယ်အခက်တွေ့နေသော အခြေနေဖြစ်ပါသည်။

နိုင်ငံခြားသားဝန်ထမ်းများ၏ အလုပ်နှင့် နေထိုင်မှုအခြေအနေ

နောက်ဆက်တွဲစနစ်

နည်းပညာကျွမ်းကျင်အလုပ်သင်များကိုလက်ခံထားသည့် အတွေ့အကြုံများစွာရှိသော မွန်းဘဲ့ဆုစက်ရုံ၏ စက်ရုံမှူးကိုအစပြု၍ မြို့၏ နိုင်ငံတကာ အသွင်ကူးပြောင်းရေးမြှင့်တင်ရေးဝန်ထမ်းလည်းဖြစ်သော မွန်းဘဲ့ဆုစက်ရုံမှူး၏ မိသားစု၊ ပို့ဆောင်ပေးသော အေဂျင်စီ၏ ဂျပန်ရုံး၊ ဂျပန်လူမျိုးနှင့် လက်ထပ်ထားသော ယခင်နည်းပညာကျွမ်းကျင်အလုပ်သင်များက အဓိကအားဖြင့် နိုင်ငံခြားသားများ၏ အလုပ်အကိုင်များနှင့် နေ့စဥ်ဘဝများကို ဂရုစိုက်ပေးခြင်း၊ ဆက်ဆံရေးတိုးတက်စေခြင်း၊ အခက်အခဲများကိုတားဆီး‌ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုများပေးခြင်းကို ကြိုးစားလုပ်ဆောင်နေပါသည်။

လက်ရှိတွင် နိုင်ငံခြားသားများသည် နေရာ ၅ ခုတွင် ခွဲခြားနေထိုင်နေကြပါသည်။ ယခင်က နေရာအလိုက်စည်းမျဥ်းများရှိပြီး၊ မလုံလောက်မှုများရှိခဲ့သော်လည်း ယခုတွင် နိုင်ငံခြားသားများ၏အသံကိုနားထောင်နိုင်ရန် စည်းမျဥ်းကိုတစ်ခုတည်းချထားပါသည်။

ဤနေရာတွင် ကြာရှည်စွာအလုပ်လုပ်လိုစေရန် နောက်ပိုင်းတွင် နေရာကို တစ်နေရာတည်းထား၍ ကိုယ်ရေးကိုယ်တာကို အလေးထားသောအားဖြင့် တစ်ယောက်ခန်းများထားရှိရန် စီစဥ်ထားပါသည်။

တဖန်၊ ဒေသတစ်ခုလုံးကိုလည်း နိုင်ငံခြားသား ကြာရှည်စွာအလုပ်လုပ်နိုင်သော ပတ်ဝန်းကျင်ဖြစ်စေရန် စီစဥ်ထားရှိပြီး၊ “နိုင်ငံခြားသားများထံမှ အရွေးချယ်ခံရသော မွန်းဘဲ့ဆုမြို့” ဖြစ်စေချင်ပါသည်။

က်နာဆောင်ရွက်သည့်စနစ်
ကျွမ်းကျင်လုပ်သားနှင့် အင်တာဗျူး

အလုပ်အကိုင်နဲ့ ဆက်ဆံမှုမှာ ကိုယ်နဲ့ကိုက်ညီတဲ့ ကုမ္ပဏီကို ရွေးချယ်ခဲ့ပါတယ်။

ဒင်း ဂွမ်းအိ(DIAN GUANGYI)

အထူးနည်းပညာကျွမ်းကျင်ဖြစ်လာတော့ အလုပ်အကြောင်းအရာနဲ့ နေမယ့်နေရာကို စဥ်းစားပြီး၊ ကုမ္ပဏီဥက္ကဌရဲ့ စိတ်နေသဘောထားလည်းကောင်းတယ်လို့ ကြားခဲ့တဲ့ ဟိရိုဆဲ့ရေလုပ်ငန်းကို ရွေးချယ်ခဲ့ပါတယ်။
တတ်နိုင်သလောက် အချိန်ကြာကြာအလုပ်လုပ်ချင်တယ်လို့စဥ်းစားထားတာကြောင့် မိသားစုက ဂျပန်ကိုခဏလာတဲ့အချိန်မှာ အရင်ကအတူရှိခဲ့တဲ့အချိန်တွေကို ပြန်ရောက်သွားသလိုမျိုး ဝမ်းသာမိပါတယ်။

အလုပ်မှာလိုအပ်တဲ့ စကားလုံးတွေကို နေ့တိုင်းလေ့ကျင့်ပြီး မှတ်သားပါတယ်။

လျူး ယွန်း(LIY YONG)

အလုပ်မှာ အရေးအကြီးဆုံးက စကားလုံးတွေပါ။ ဟိ
ရိုဆဲ့ရေထွက်ပစ္စည်းလုပ်ငန်းကို ရောက်တာမကြာသေးတာကြောင့် အလုပ်နဲ့ပတ်သတ်တဲ့ စကားလုံးတွေကို သိပ်မရသေးပေမဲ့၊ နားမလည်တဲ့စာလုံးတွေကို စာအုပ်မှာချရေးပြီး မအိပ်ခင်မှာလေ့ကျင့်တာ ကျက်တာမျိုးလုပ်ပါတယ်။

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

ပြင်ပအစားအစာလုပ်ငန်း

次へ
前へ

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။