လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်းလက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း

ကျွမ်းကျင်လုပ်သားများအား လက်ခံနေသောကုမ္ပဏီများနှင့်၊ ထိုကုမ္ပဏီများတွင် လုပ်ကိုင်လှုပ်ရှားနေကြသော ကျွမ်းကျင်လုပ်သားများ၏ အသံများကို မိတ်ဆက်ပေးပါမည်။

CASE09စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းNippn Corporation

စက်ရုံသစ်လည်ပတ်မှုနှင့်အတူ ကာလကြာရှည်စွာအတူလက်တွဲအလုပ်လုပ်ကိုင်နိုင်သူအား စုဆောင်းခြင်း

ထုတ်လုပ်မှုလိုင်းကိုညွှန်ကြားခြင်းနှင့် စီမံခန့်ခွဲခြင်းများပြုလုပ်နိုင်သောဝန်ထမ်းများအတွက်
လုပ်ငန်းအချက်အလက်
  • လုပ်ငန်းအကြောင်းအရာ : အေးခဲစားသောက်ကုန်ထုတ်လုပ်ခြင်း
  • လုပ်သားဉီးရေ:၄၁၅ ဦး (၂၀၂၁ ခုနှစ် ၁၁ လပိုင်းလကုန်)
  • ကျွမ်းကျင်လုပ်သားအဖြစ် လက်ခံခဲ့သူအရေအတွက် : ၁၀၁ ဦး (ဗီယက်နမ်)

နိုင်ငံခြားလူသားအရင်းအမြစ်များအား ထည့်သွင်းလက်ခံရသည့် ရည်ရွယ်ချက်

ဤကုမ္ပဏီသည် လွန်ခဲ့သော ၄ နှစ်ခန့်မှစ၍ နည်းပညာကျွမ်းကျင်အလုပ်သင်များကို လက်ခံလာခဲ့ပါသည်။ ခဲစားသောက်ကုန် အမှတ် ၂ စက်ရုံကို တိုးမြှင့်ဖွင့်လှစ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ကာလကြာရှည်စွာအလုပ်လုပ်ကိုင်နိုင်သူသော အထူးနည်းပညာကျွမ်းကျင် နိုင်ငံခြားသား အယောက် ၁၀၀ အထက်ကို ရှာဖွေစုဆောင်းနေပါသည်။

စဲဇခိမြို့နှင့် အနီးတဝိုက်တွင် ဂျပန်ကပြားများ နေထိုင်မှုများပြီး၊ အိစဲဇခိစက်ရုံတွင် ၁၉၉၉ ခုနှစ် ကနဦးလုပ်ဆောင်မှုမှစ၍ နိုင်ငံခြားသွေးပါသူများစွာကို ခန့်ထားခဲ့ဖူးသော သမိုင်းနောက်ခံရှိပါသည်။

သို့ဖြစ်ပါ၍ ဤစက်ရုံတွင် နိုင်ငံခြားသားများသို့ အတူတကွလုပ်ကိုင်နိုင်သော အနေအထားသည် ကောင်းမွန်စွာဖြစ်တည်နေပြီး၊ လက်ခံရလွယ်ကူသော ပတ်ဝန်းကျင်အခြေအနေရှိနေပြီးပါပြီ။

စားသောက်ကုန်နယ်ပယ်၊ ဆိုသည်ထက် အေးခဲစားသောက်ကုန်အပိုင်းတွင် လုပ်သားမလုံလောက်ခြင်း အခြေအနေ ဆက်တိုက်ဖြစ်ပေါ်နေပါသည်။

ယခုနောက်ပိုင်းတွင်လည်း လုပ်သားများစွာလိုအပ်နေသော အခြေအနေဖြစ်ပြီး၊ နိုင်ငံခြားသားများ၏အားသည် မရှိမဖြစ်သည်။

ယခုမှစ၍လည်း ကာလကြာရှည်စွာ အထူးနည်းပညာကျွမ်းကျင်နိုင်ငံခြားသားများ၏ခွန်အားကို လက်ခံဖို့စဥ်းစားထားပါသည်။

နိုင်ငံခြားသားဝန်ထမ်းများလက်ခံရသည့်ရည်ရွယ်ချက်

နိုင်ငံခြားသားဝန်ထမ်းများ၏ အလုပ်နှင့် နေထိုင်မှုအခြေအနေ

အထူးနည်းပညာကျွမ်းကျင်နိုင်ငံခြားသားများသည် ပါဝင်ပစ္စည်းတိုင်းတာခြင်း၊ ချက်ပြုတ်ခြင်း၊ ဘူးအတွင်းတွင် ပြင်ဆင်ထည့်သွင်းခြင်းစသည့်၊ ကုန်ထုတ်လုပ်ငန်းနှင့်ပတ်သတ်သည့် ကျယ်ပြန့်လှသောလုပ်ငန်းကို တာဝန်ယူထားရပါသည်။

အလုပ်သဘောထားကိုလည်း အပတ်တကုတ်ကြိုးစားကြရသည်။

အထူးနည်းပညာကျွမ်းကျင် နိုင်ငံခြားသားအများစုသည် နည်းပညာကျွမ်းကျင်အလုပ်သင် အတွေ့အကြုံလည်းရှိထားပြီး၊ ဂျပန်၏လုပ်ငန်းနှင့် ရင်းနှီးပြီးဖြစ်သည့်အတွက် လုပ်ငန်းတွင်း သင်ကြားညွှန်ပြမှုများနှင့်ပတ်သတ်၍ အတတ်မြန်မည်ဟုလည်း ထင်ပါသည်။

“နောက်တစ်ခုကတာ့ ဒါလုပ်တတ်ချင်တယ်” ဟု ရည်ရွယ်ချက်ကိုလက်ကိုင်ထားပြီး တဆင့်မြင့်လို့သောဆန္ဒလည်းမြင့်ပြီး၊ အနာဂတ်ကို သေချာစွာစဥ်းစားနိုင်သောသူများလည်း များပုံပေါ်သည်။

လျင်မြန်စွာကုမ္ပဏီ၏ခွန်အားဖြစ်လာစေရန် လုံ့လစိုက်ထုတ်နေသောပုံစံနှင့် ရည်ရွယ်ချက်များကို ပြောပြလာပေးသောအမူအရာများကို မြင်ရလျှင် အတတ်နိုင်ဆုံးထောက်ပံ့မှုများပေးချင်မိပါသည်။

အထူးနည်းပညာကျွမ်းကျင် နိုင်ငံခြားသားများသည် အများအားဖြင့် ဗီယက်နမ်နိုင်ငံသားများဖြစ်ပြီး၊ နိုင်ငံတူမှမိတ်ဆွေများစွာရှိ၍ စိတ်အေးရခြင်းသည်လည်း ကောင်းသောအချက်ဖြစ်ပါသည်။

ခက်ခဲသောဂျပန်ဘာသာဖြင့် စကားပြောရာတွင် ဂျပန်စာတော်သောသူက အားနည်းသောသူကို ကူညီပေးခြင်းစသည်၊ အချင်းချင်း ကူညီပေးခြင်းမျိုးကိုလည်း မြင်ရပါသည်။

နိုင်ငံခြားသားဝန်ထမ်းများ၏ အလုပ်နှင့် နေထိုင်မှုအခြေအနေ

နောက်ဆက်တွဲစနစ်

အလုပ်ဝင်ချိန်တွင် လူနည်းစုဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုပညာပေးခြင်းနှင့် ဘေးကင်းရေးပညာပေးခြင်းတို့ကို လုပ်ဆောင်နေပါသည်။

မှတ်ပုံတင်ရန်ထောက်ပံ့ပေးသောအေဂျင်စီမှ စကားပြန်ကိုတောင်းဆိုပြီး၊ ကုမ္ပဏီတွင်းစည်းမျဥ်းများနှင့် လုပ်ငန်းအကြောင်းအရာကို သေချာစွာ သဘောပေါက်နားလည်စေရန် ကြိုးပမ်းနေပါသည်။

အလုပ်စလုပ်ပြီးချိန်တွင်လည်း SNS မှစာပို့ခြင်းဖြင့် နေ့စဥ်ဘဝခက်ခဲမှုစသည်တို့ကို အမြဲတစေဆွေးနွေးနိုင်စေရန် စီစဥ်ထားပါသည်။

တိုက်ခန်းငှား၍ အဆောင်ပုံစံလုပ်ထားသော်လည်း လူများလွန်းသောကြောင့် စက်ရုံနှင့်အနီးတဝိုက်တွင် လုံခြုံမှုအပြည့်မပေးနိုင်ဘဲ၊ အလုပ်အသွားအပြန်အတွက် ဘတ်စ်ကားအသေးကိုသာ ထောက်ပံ့ထားနိုင်ပါသည်။

ကိုရိုနာဗိုင်းရပ်မဖြစ်ပွားမီအချိန်များတွင် အပန်းဖြေခရီး၊ ခရစ်စမတ်ပါတီ၊ ဘာဘီကျုးပွဲစသည်တို့ကိုကျင်းပပြီး လေးနက်စွာဖလှယ်မှုများလုပ်ခဲ့ကြသော်လည်း ယခုတွင် ကုမ္ပဏီပွဲများမကျင်းပနိုင်သည်မှာ စိတ်မကောင်းဖြစ်ရပါသည်။

က်နာဆောင်ရွက်သည့်စနစ်
ကျွမ်းကျင်လုပ်သားနှင့် အင်တာဗျူး

ကြည့်ပြီး၊ နားထောင်ပြီး လုပ်ကြည့်မယ်။ လုပ်ချင်စိတ်က အရေးကြီးပါတယ်။

ဂွမ်းတီလန်းဖုန်း(NGUYEN THI LAN PHUONG)

နည်းပညာကျွမ်းကျင် အလုပ်သင်ကို ၃ နှစ်အတွေ့အကြုံရှိပြီး၊ ၂၀၂၁ ခုနှစ်ကစပြီး အထူးနည်းပညာကျွမ်းကျင်အဖြစ် အလုပ်လုပ်နေပါတယ်။
ဗီယက်နမ်မှာနေခဲ့တုန်းထဲက ဟင်းချက်ရတာကြိုက်တာကြောင့် အေးခဲပါစတာစတာတွေကိုပြုလုပ်ရတဲ့ အခုအလုပ်အကိုင်က ကျွန်မနဲ့ကိုက်ညီပါတယ်။
အလုပ်ကိုမှတ်ရတာကတော့ စီနီယာတွေလုပ်တာကြည့်ပြီး၊ နားထောင်ပြီး၊ ကိုယ်တိုင်တကယ်လုပ်ကြည့်တာပါပဲ။
နားမလည်ရင် ချက်ချင်းမေးပြီး၊ အလုပ်တွေကို စိတ်ပါဝင်စားစွာ မှတ်ဖို့ကအဓိကကျပါတယ်။
ဂျပန်စာကိုလည်း ကြိုးစားလေ့လာပြီး၊ ဂျပန်စာအရေအချင်းစစ်စာမေးပွဲ N1 ကိုလည်း စိန်ခေါ်ကြည့်ခဲ့ပါတယ်။
အနာဂတ်မှာ ဗီယက်နမ်မှာ စားဖိုမှုးလုပ်မလား၊ ဂျပန်မှာစကားပြန်အဖြစ် အလုပ်လုပ်မလားဆိုတာက အိပ်မက်ဖြစ်ပါတယ်။

ရိဆမဲ ဆရတမ(RISA MEI SELATAMA)

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

ပြင်ပအစားအစာလုပ်ငန်း

次へ
前へ

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။