လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်းလက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း

ကျွမ်းကျင်လုပ်သားများအား လက်ခံနေသောကုမ္ပဏီများနှင့်၊ ထိုကုမ္ပဏီများတွင် လုပ်ကိုင်လှုပ်ရှားနေကြသော ကျွမ်းကျင်လုပ်သားများ၏ အသံများကို မိတ်ဆက်ပေးပါမည်။

CASE07ပြင်ပစားသောက်မှုလုပ်ငန်းWONDERTABLE Co., Ltd

သင်ယူခဲ့တဲ့နည်းပညာကို “ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှု” အနေဖြင့် ပြည်ပသို့ ဖြန့်ချီပေးစေချင်ပါသည်

လုပ်ငန်းအချက်အလက်
  • လုပ်ငန်းအကြောင်းအရာ:စားသောက်ဆိုင်စီမံခန့်ခွဲခြင်း၊ ဖရန်ချိုက်ချိန်းစနစ်ဖြင့် စားသောက် ဆိုင် ဖွင့်လှစ်ရန်စုဆောင်းခြင်း၊ အဖွဲ့၀င်ဆိုင်များအား သင်ကြားပြသခြင်း။
  • ဝန်ထမ်းအရေအတွက်:၂၇၃ ဦး (အမြဲခန့်၀န်ထမ်း)
  • အထူးကျွမ်းကျင်လုပ်သားလက်ခံဦးရေ:၁ ဦး (ထိုင်၀မ်)

နိုင်ငံခြားလူသားအရင်းအမြစ်များအား ထည့်သွင်းလက်ခံရသည့် ရည်ရွယ်ချက်

ကျွန်ုပ်တို့ကုမ္ပဏီသည်၊ နိုင်ငံခြားပါတနာမိတ်ဖက်များ၏ စားသောက်ဆိုင်များကို ဂျပန်နိုင်ငံအတွင်းတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့်၊ ယခင်ကတည်းက အချိန်ပိုင်း နိုင်ငံခြားသားအလုပ်သမားများအား ခန့်အပ်ထားလျက်ရှိပြီး၊ ၎င်းတို့အထဲမှ ထူးချွန်သူများရှိလာပါက၊ ကျွမ်းကျင်လုပ်သားစနစ်ကိုအသုံးပြု၍ အမြဲခန့်၀န်ထမ်းအဖြစ် ခန့်အပ်ခြင်းမှာ သဘာ၀ကျသည့်နည်းလမ်း ဖြစ်ပါသည်။

နောင်တွင်၊ အချက်အပြုတ်သင်တန်းကျောင်းများတွင်လည်း နိုင်ငံခြားသားကျောင်းသားများကို လိုလိုလားလား လက်ခံလာပြီး၊ ကျောင်းဆင်းပါက အချက်အပြုတ်နည်းပညာကိုအသုံးပြုကာ ဂျပန်တွင် အလုပ်လုပ်လိုသော နိုင်ငံခြားသားလူသားအရင်းအမြစ်များ များပြားလာမည်ဟု သုံးသပ်မိပါသည်။ ကျွမ်းကျင်လုပ်သားစနစ်သည်၊ ထိုကဲ့သို့သောလူအရင်းအမြစ်များအား အလုပ်လုပ်ကိုင်ခြင်းဖြင့် နည်းပညာများအားပိုမိုမြင့်မားလားစေရန် လုပ်ဆောင်နိုင်သည့် စနစ်ဖြစ်ပါသည်။ ဂျပန်တွင် လုပ်ကိုင်ပြီးနောက်၊ သင်ယူရရှိသည့်နည်းပညာကို “ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှု” အနေဖြင့် တစ်ကမ္ဘာလုံးသို့ ဖြန့်ချီပေးမည်ဟု မျှော်လင့်ပြီး၊ ၎င်းက စားသောက်ဆိုင်လုပ်ငန်းကြီးတစ်ခုလုံး၏ လည်ပတ်လှုပ်ရှားမှုနှင့်ပါ ချိတ်ဆက်မည်ဖြစ်သည်ဟု ထင်မြင်မိပါသည်။

နိုင်ငံခြားသား၀န်ထမ်းများ၏အလုပ်၊ နေထိုင်မှု အခြေအနေ

ကျွမ်းကျင်လုပ်သားများသည်၊ စားဆောက်ဆိုင်များတွင်၊ နည်းပညာကိုအသုံးပြုရသည့် ချက်ပြုတ်မှုလုပ်ငန်းများကို အဓိကထားတာ၀န်ယူဆောင်ရွက်လျက်ရှိသည်။ ဂျပန်လူမျိုး၀န်ထမ်းများနှင့် လုပ်ငန်းအကြောင်းအရာ ကွာဟမှု မရှိပါ။ ချက်ပြုတ်မှုလုပ်ငန်းအပြင် ဧည့်သည်များအား လိုအပ်သလို ရှင်းပြပေးရသည့် တာ၀န်ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ဥပမာ၊ နိုင်ငံခြားသားအများစုနှင့် မရင်းနှီးသည့် အစားအစာဖြစ်သည့် “ရှာဘူရှာဘူ” ကိုရောင်းချသည့်ဆိုင်များတွင်၊ နိုင်ငံခြားသား ၀န်ထမ်းများမှ ဧည့်သည်အသုံးပြုသည့် ဘာသာစကားဖြင့် စားသောက်ပုံကို ရှင်းပြကာ၊ “ရှာဘူရှာဘူ” ၏ မူရင်းအရသာကို ခံစားစေလျက်ရှိပါသည်။

နိုင်ငံခြားသား၀န်ထမ်းများ၏ လှုပ်ရှားဆောင်ရွက်မှုများသည်၊ အတူတကွအလုပ်လုပ်ကိုင်သော ဂျပန်နိုင်ငံသားများအဖို့လည်း ကောင်းသောလှုံ့ဆော်မှုကို ဖြစ်လာစေပါသည်။ ယခုနှစ်များအတွင်းတွင် ဂျပန်လူမျိုး၀န်ထမ်းများ၏ ၄၀ရာခိုင်နှုန်းမှ “နိုင်ငံခြားဘာသာစကားကို သင်ယူရန်” ဟု ၎င်းတို့၏ ရည်မှန်းချက်တွင် ထည့်သွင်းလာကြပြီး၊ ၀န်ထမ်းအားလုံး၏ နိုင်ငံတကာအသိအမြင်များ ပေါက်ဖွားလာမှုနှင့် ဆက်စပ်နေသည်ကို ၀မ်းမြောက်မိပါသည်။

နောက်ဆက်တွဲစနစ်

ကုမ္ပဏီတစ်ခုလုံးအနေဖြင့် တစ်ဦးချင်းစီတွေ့ဆုံမေးမြန်းခြင်းအား အလေးထားပြီး၊ ကုမ္ပဏီအရာရှိနှင့် အဖွဲ့ခေါင်းဆောင်တို့မှ တွေ့ဆုံမေးမြန်းလျက်ရှိပါသည်။ တွေ့ဆုံရာတွင်၊ အလုပ်ရှိ စိတ်သောကများသာမက၊ နေထိုင်မှုဘ၀၏ သောကများ၊ အလုပ်စီမံကိန်း၊ ဘ၀အတွေးအမြင် စသည်တို့ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပြီး၊ ပြောဆိုလုပ်ကိုင်ရလွယ်ကူသော လုပ်ငန်းခွင်ဖြစ်စေရန် အလေးထားလျက်ရှိပါသည်။ ထို့ပြင်၊ ဘာသာစကား ၇မျိုးဖြင့် လုပ်ဆောင်နည်းလမ်းညွှန်စာအုပ်များ ပြုလုပ်ထားပြီး၊ ကိုရိုနာကာလနှင့် ကိုက်ညီစေရန် သင်တန်းများအား အင်တာနက်မှ တက်ရောက်နိုင်ရန်ဆောက်ရွက်ခြင်း၊ ဘာသာစကားအမျိုးမျိုးသို့ ပြောင်းလဲခြင်းစသည်တို့ကို စီစဥ်သွားမည်ဖြစ်ပါသည်။

ထို့ပြင်၊ လက်တွေ့လုပ်ငန်းခွင်အဆင့်များတွင်လည်း နိုင်ငံခြားသားနှင့် ဂျပန်လူမျိုးများ အတူတကွ လုပ်ကိုင်ရလွယ်ကူစေမည့် လုပ်ငန်းခွင်ပြုပြင်ပြောင်းလဲမှုများအား လုပ်ဆောင်လျက်ရှိပါသည်။ ဆိုင်တစ်ဆိုင်တွင်မူ၊ ဟင်းချက်ဖိုခေါင်း၏ အကြံပေးမှုဖြင့်၊ ၀န်ထမ်းများအားကျွေးသောဟင်းအား သက်သက်လွတ်စားသူနှင့် ဟာလာစားသူစသည့်ဖြင့် အမျိုးမျိုးချက်ပြုတ်ထားပြီး လွတ်လပ်စွာ ရွေးချယ်စားသောက်နိုင်ရန် စီစဥ်ထားသည်ဟု ဆိုပါသည်။ ကုမ္ပဏီ၏ မူလချမှတ်ထားသည့်အရာမဟုတ်ဘဲ၊ နိုင်ငံခြားသားများနှင့် အတူအလုပ်လုပ်ကိုင်ရာမှ ထွက်ပေါ်လာသောယဥ်ကျေးမှုများဖြစ်ပါသည်။

ကျွမ်းကျင်လုပ်သားနှင့် အင်တာဗျူး

အချိုမုန့်အသစ်များ ထုတ်လုပ်ရသည့် တာ၀န်၊ ရည်မှန်းချက်မှာ ထိပ်တန်းစားဖိုမှူးတစ်ဦးဖြစ်ရန် ဖြစ်သည်

၀မ်ချိရွှန်

အချိုမုန့်ပြုလုပ်ခြင်းကို သင်ယူရန် ဂျပန်နိုင်ငံသို့ ပညာသင်လာရောက်ပြီး၊ မုန့်လုပ်သည့်ကောလိပ်ကိုတက်ရင်း၊ ယခုအလုပ်လုပ်နေသည့် ကုမ္ပဏီတွင် အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်ခဲ့ပါသည်။ကျွမ်းကျင်လုပ်သားဖြစ်လာသည့် လက်ရှိတွင်မူ၊ အချိုပွဲနှင့် ရှေ့ထွက်ပွဲ ပြုလုပ်ခြင်းကို အဓိကထား၍၊ ဧည့်သည်နှင့် ဆက်ဆံခြင်းအပါအ၀င် ကဏ္ဍကျယ်ကျယ်ပြန့်ပြန့်ကို ဆောင်ရွက်နေပါသည်။ ပြီးခဲ့သည့်နေ့က ပထမဆုံးအနေဖြင့် ရာသီပေါ် ပါဖေးပြုလုပ်ခြင်းကို တာ၀န်ပေးခြင်းခံခဲ့ရပါသည်။ ရာသီပေါ် သစ်သီးများကိုသုံးပြီး ဂျပန်နိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်သည့် စားသောက်ကုန်ကို ထုတ်လုပ်နိုင်ခဲ့၍ ကိုယ့်ကိုယ်ကို အတွေ့အကြုံရင့်ကျက်မှုတစ်ရပ်အဖြင့် ခံစားရပါသည်။ နောင်တွင်လည်း နည်းပညာနှင့် အသိပညာများကို အများအပြားသင်ယူပြီး၊ ဆိုင်တွင် ထိပ်တန်းစားဖိုမှူးတစ်ဦး ဖြစ်ချင်ပါသည်။

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

ပြင်ပအစားအစာလုပ်ငန်း

次へ
前へ

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။