လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်းလက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

CASE05ပြင်ပအစားအစာလုပ်ငန်းZENSHO Co., Ltd SUKIYA Co., Ltd

ပြည့်ဝသောပညာသင်ကြားမှုဖြင့်အဆင့်မြှင့်ခြင်း။ “နှစ်အနည်းငယ်ကြာပြီးနောက် ဆိုင်မန်နေဂျာအဖြစ်သို့”

လုပ်ငန်းအကြောင်း
  • လုပ်ငန်းအကြောင်းအရာ:အစားအသောက်ဝန်ဆောင်မှုချိန်းစီမံခန့်ခွဲခြင်း၊ ရောင်းချမှုစနစ်၊ စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းစနစ်ဖန်တီးခြင်း
  • ဝန်ထမ်းအရေအတွက်:14,402 ဦး (အမြဲဝန်းဝန်ထမ်း 2020ခုနှစ် မတ်လကုန်)
  • အထူးကျွမ်းကျင်လုပ်သားလက်ခံဦးရေ:30 ဦးခန့် (SUKIYA Co., Ltd တွင်သာ။ လက်ခံအမျိုးအစား - ဗီယက်နမ်၊ တရုတ် စသဖြင့်)

နိုင်ငံခြားသားလုပ်သားရင်းမြစ်များလက်ခံရခြင်းရည်ရွယ်ချက်

ဂျပန်နိုင်ငံ၏အလုပ်သမားဦးရေ လျော့နည်းလာခြင်း၊ နိုင်ငံခြားသားပညာတော်သင်ကျောင်းသား တိုးပွားလာခြင်းနှင့်အတူ လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ ပညာတော်သင်ကျောင်းသားအချိန်ပိုင်းအလုပ်ကို အဓိကထား၍ နိုင်ငံခြားသားလုပ်သားရင်းမြစ်များကို ချဲ့ထွင်လာခဲ့ပါသည်။ နိုင်ငံခြားသားလုပ်သားရင်းမြစ်ကို သာမန် လုပ်သားအင်အားအနေနှင့်မဟုတ်ဘဲ နေ့စဉ်ဘဝနေထိုင်သူများအဖြစ် လက်ခံကာ အတူယှဉ်တွဲနေထိုင်ခြင်းဟူသော လမ်းစဉ်အောက်တွင် အထူးကျွမ်းကျင်လုပ်သားစနစ်ကို တည်ထောင်ခြင်းနှင့်အတူ အုပ်စုအတွင်းတွင် အထောက်အပံ့အဖွဲ့အစည်းကို တည်ထောင်ကာ အလုပ်ခန့်အပ်ခြင်း၊ ကုမ္ပဏီဝင်ခြင်း၊ အလုပ်အကိုင်မြှင့်တင်မှုပညာသင်ကြားခြင်း၊ နေထိုင်မှုဘဝအထောက်အကူပေးခြင်းအထိ စုပေါင်းပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင် အထူးကျွမ်းကျင်အပိုင်းတွင် အထူးသဖြင့် ပညာတော်သင်ကျောင်းသားများကို အလုပ်ခန့်အပ်လျက်ရှိပြီး လျှောက်ထားသူအများစုသည် SUKIYA တွင် အချိန်ပိုင်းအလုပ်အတွေ့အကြုံရှိသူများဖြစ်ပါသည်။ ကာလရှည်နေထိုင်ခွင့်ဗီဇာသို့ ပြောင်းလဲခြင်းနှင့် ကျောင်းဆက်တက်ရန်ရည်ရွယ်ထားသောပညာတော်သင်ကျောင်းသားအချိန်ပိုင်းအလုပ်များမှ “SUKIYA မှာ အလုပ်ဝင်နိုင်မယ်ဆိုရင်” ဟူ၍ အထူးကျွမ်းကျင်ကို ရွေးချယ်ကာ အလုပ်ဝင်သည့်ကိစ္စများ များပြားလာပြီး ကျွန်တော်တို့လည်း များစွာ ဝမ်းသာရပါသည်။

နိုင်ငံခြားသားလုပ်သားရင်းမြစ်များ၏အလုပ်လုပ်ခြင်းနှင့်နေထိုင်မှုအခြေအနေ

ဆိုင်ဝန်ထမ်းအနေနှင့် ဧည့်ခံခြင်း၊ ချက်ပြုတ်ခြင်း၊ သန့်ရှင်းမှုကွပ်ကဲခြင်းများကို ဆောင်ရွက်လျက်ရှိပြီး အလုပ်အကြောင်းအရာများမှာ ဂျပန်လူမျိုးဝန်ထမ်းများနှင့် ကွာခြားမှုမရှိပါ။ တာဝန်ပေးသောဆိုင်သည် ကာယကံရှင်၏ဆန္ဒကိုအလေးထားကာ အထောက်အပံ့အဖွဲ့အစည်းမှ လက်ခံသည့်ဘက်နှင့် ကြားနေကာ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

အထူးကျွမ်းကျင်ဝန်ထမ်းများကို ဆိုင်၏အလုပ်များအား သင်ယူ၍၊ ဂျပန်ဘာသာစကားနှင့်ပေါင်းသင်းဆက်ဆံမှုအရည်အချင်းများကို မြှင့်တင်ခြင်းနှင့်အတူ 3နှစ်မြောက် နှစ်လယ်လောက်မှ 4နှစ်မြောက်လျှင် ဆိုင်မန်နေဂျာအဖြစ် လုပ်စေချင်ပါသည်။ အထူးကျွမ်းကျင်ကာလပြီးမြောက်ပြီးနောက် ကာယကံရှင်၏စိတ်အားထက်သန်မှုနှင့် စွမ်းရည်အလိုက် ဧရိယာမန်နေဂျာနှင့်ရုံးချုပ်ဝန်ထမ်းများအဖြစ် တာဝန်ပေးခန့်ထားရန် စဉ်းစားထားပါသည်။ ဆိုင်များတွင် နေ့စဉ်လုပ်ငန်းဆိုင်ရာညွှန်ကြားမှုများ ပြုလုပ်လျက်ရှိသော်လည်း အထောက်အပံ့အဖွဲ့အစည်းများမှ “ပို၍ပို၍ပညာသင်ကြားမှုခံယူချင်ပါတယ်” ဆိုသည့် တက်ကြွသောအသံများကို ကြားသိရကာ အထူးကျွမ်းကျင်ဝန်ထမ်းများ၏ တိုးတက်လိုစိတ်ပြင်းထန်မှုကို ခံစားရပါသည်။

နောက်ဆက်တွဲစနစ်

အထူးကျွမ်းကျင်ဝန်ထမ်းများကိုရည်ရွယ်သောလေ့ကျင့်သင်ကြားမှုကို “လုပ်ငန်း” နှင့် “လူသားပုံစံ၊ မိမိ၏တိုးတက်ရင့်ကျက်လာမှု” ဟူသော မဏ္တိုင်နှစ်ခုဖြင့် စီမံကိန်းကျနစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 1နှစ်မြောက်တွင် လုပ်ငန်းခံယူချက်များကို လွယ်ကူသောဂျပန်ဘာသာဖြင့် သင်ယူသောလေ့ကျင့်သင်ယူမှုကို လုပ်ဆောင်၍ ဝန်ထမ်းများအနေနှင့် အလုပ်လုပ်ခြင်းအသိသတိများမွေးမြူပေးလျက်ရှိပါသည်။ ဂျပန်ဘာသာအရည်အချင်းနှင့်စပ်လျဉ်း၍ “3၊ 4နှစ်ကြာလျှင် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲတွင် N1အဆင့်” ဆိုသည့် တူညီသောရည်မှန်းချက်ကိုထားရှိကာ ပညာသင်ကြားခြင်းအပလီကေးရှင်းကိုပေးထား၍ သင်ကြားမှုကိုထောက်ပံ့ပေးလျက်ရှိပါသည်။

ထပ်မံ၍ လုပ်ငန်းခွင်ရှိ လူမှုဆက်ဆံရေးပွတ်တိုက်မှုများကို အနိမ့်ဆုံးအဆင့်ထိလျှော့ချရန်အတွက် လက်ခံဆိုင်များ၏မန်နေဂျာများကို လေ့ကျင့်သင်ကြားခြင်းများကိုလည်း အလေးထားလျက်ရှိပါသည်။ ဂျပန်လူမျိုးများ၏ “အရိပ်အကဲသိခြင်း” ယဉ်ကျေးမှုသည် နိုင်ငံခြားသားဝန်ထမ်းများအတွက် နားလည်ရန်ခက်ခဲ၍ အပြန်အလှန် စိတ်ပင်ပန်းမှုများ ဖြစ်နိုင်ပါသည်။ လေ့ကျင့်သင်ကြားမှုတွင် နိုင်ငံခြားသားဝန်ထမ်းများ၏နေရာမှနေ၍ Role Play ဖြင့် လေ့ကျင့်ကာ နားလည်လွယ်သောစကားပြောနည်းနှင့်ဆောင်ရွက်မှုကို သင်ယူရန်အခွင့်အရေးကို ထားရှိပါသည်။

အထူးကျွမ်းကျင်လုပ်သားမှတ်ချက်များ

ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုစွမ်းရည်ကိုသင်ယူချင်ပါတယ်

NGUYEN TRUNG THANH

ဂျပန်နိုင်ငံတွင် ဘာသာစကားသက်မွေးကျောင်းမှ ကျောင်းပြီး၍ SUKIYA သို့ အလုပ်ဝင်ခဲ့ပါသည်။ ဖောက်သည်များမှ အပြုံးမျက်နှာဖြင့် “Gochisoosama” ပြောခြင်းကို လက်ခံရရှိခြင်းက အလုပ်ရဲ့ ပျော်ရွှင်မှုဖြစ်ပါတယ်။ လေ့ကျင့်သင်ကြားမှုမှတဆင့် ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုစွမ်းရည်များကို သင်ယူပြီး အနာဂတ်မှာ ဗီယက်နမ် SUKIYA ၏စီမံခန့်ခွဲရေးတွင် အသုံးချချင်ပါတယ်။

အချိန်ပိုင်းအလုပ်လုပ်သည့်အခါတုန်းကမရှိခဲ့သောတာဝန်များ၏လေးနက်မှုကိုလည်း ခံစားမိပါသည်။

HOANG YEN VAN

ကျောင်းသားဘဝ SUKIYA တွင် အလုပ်လုပ်ခဲ့သောလည်း ထိုအချိန်နှင့် ယခုအချိန်၏ တာဝန်များ၏လေးနက်မှုမှာ လုံးဝ ကွဲပြားပါတယ်။ ညွှန်ကြားရသည့်အတိုင်း လုပ်ခြင်းသာမဟုတ်ဘဲ ပတ်ဝန်းကျင်ရှိဝန်ထမ်းများ၏ လှုပ်ရှားဆောင်ရွက်နေမှုများတွင်လည်း သတိထားကြည့်ရင်း အလုပ်လုပ်ရန် သတိထားနေပါတယ်။ အထူးကျွမ်းကျင်ပြီးဆုံးပြီးနောက်ပိုင်းတွင်လည်း ဂျပန်မှာ အလုပ်လုပ်ချင်ပါတယ်။

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

ပြင်ပအစားအစာလုပ်ငန်း

次へ
前へ

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။