JTB

နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ရေးဆိုင်ရာ ဘက်စုံကူညီရေးလုပ်ငန်းကျွမ်းကျင်လုပ်သားစနစ်၏စားသောက်ကုန်ထုတ်လုပ်ငန်းနယ်ပယ်နှင့် ပြင်ပအစားအစာလုပ်ငန်းနယ်ပယ်

လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း 

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

CASE03စားသောက်ကုန်ထုတ်လုပ်ငန်းIshigeyorui Co., Ltd./ Marukaichi Suisan Co., Ltd.

န နိုင်ငံခြားလူ့စွမ်းအားအရင်းအမြစ်နှင့်၎င်းတို့၏ပတ်ဝန်းကျင်၏တက်ကြွစွာပါဝင်ဆောင်ရွက်

လုပ်ငန်းအကြောင်း:ISHIGE FISH Co., Ltd
  • လုပ်ငန်းအကြောင်းအရာ:လတ်ဆတ်သောငါးများ၊ ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရောင်းချခြင်း၊ ဟင်းလျာများပေးပို့ခြင်း
  • ဝန်ထမ်းဦးရေ:43ဦး
  • အထူးကျွမ်းကျင်လုပ်သားလက်ခံဦးရေ:2ဦး (လက်ခံအမျိုးအစား - တရုတ် 2ဦး)

【ISHIGE FISH】
နိုင်ငံခြားသားလုပ်သားရင်းမြစ်များလက်ခံရခြင်းရည်ရွယ်ချက်၊ အလုပ်လုပ်ခြင်းအခြေအနေ

ဝန်များများသည်အလုပ်ကောင်းများကိုလုပ်၍ ကုမ္ပဏီသည် ကောင်းမွန်သောလုပ်သားရင်းမြစ်ကို ပြုစုပျိုးထောင်ရန်မှာ လုပ်ငန်းဆောင်ရွက်မည့်သူများ အရံရှိရန် လိုအပ်သည်ဟု ယူဆသည့်အတွက် နိုင်ငံခြားသားလုပ်သားရင်းမြစ်ကို လက်ခံလျက်ရှိပါသည်။ အထူးကျွမ်းကျင် 2ဦးသည် ကျွန်တော်တို့၏ကုမ္ပဏီတွင် 6နှစ်ကြာအတွေ့အကြုံရှိထားပြီး ဂျပန်ဟင်းလျာအထူးပိုင်ဆိုင်မှုဖြစ်သည့် ဆာရှိမိလုပ်ခြင်းကို လွှဲထားပါသည်။ ယခင် ဟင်းလျာပြင်ဆင်ရန်နေရာ၏ဝန်ထမ်းများ၏အတတ်ပညာသည် “ကြည့်၍မှတ်သားခြင်း” ဖြစ်ခဲ့သော်လည်း၊ ဘာသာစကားနှင့်ယဉ်ကျေးမှုကွဲပြားသော နိုင်ငံခြားသားလုပ်သားရင်းမြစ်များမှ အတတ်ပညာကိုသင်ယူရန်မှာ လိမ္မာပါးနပ်သောညွှန်ကြားမှုသည် မရှိမဖြစ် ဖြစ်ပါသည်။ ကျွန်တော်တို့မှ သင်ပေးလိုက်သည်များကို တတ်မြောက်၍ စွမ်းရည်မြှင့်တင်လာကြသော သူတို့လေးများ၏ပုံစံကို ကြည့်ကာ ကျွန်တော်တို့ ဂျပန်လူမျိုးများဘက်၏ဟောင်းနွမ်းသောအသိသတိများလည်း ပြောင်းလဲကာ၊ ပညာသင်ကြားခြင်း၏အရေးကြီးမှုကို လက်တွေ့ခံစားခဲ့ရပါသည်။ ဂျပန်လူမျိုးဝန်ထမ်းများအား ပညာသင်ကြားခြင်းကို ပြန်လည်သုံးသပ်ရန်လည်းဆက်စပ်မိကာ ဝန်ထမ်းများ၏အတတ်ပညာတိုးတက်မှုသည် သိသိသာသာ မြန်ဆန်လာသည်ဟု ခံစားမိပါသည်။

အထူးကျွမ်းကျင် 2ဦးသည် ကျွန််တော်တို့ကုမ္ပဏီ၏ Know-How များကို သေချာသင်ယူလျက်ရှိပြီး ကျွန်တော်တို့လည်း များစွာယုံကြည်မှုထားလျက်ရှိပါသည်။ ယခုနှစ်အလုပ်ဝင်ခဲ့သောဂျပန်လူမျိုးဝန်ထမ်းများပညာသင်ကြားခြင်းတွင် အထူးကျွမ်းကျင် 2ဦးကို ညွှန်ကြားမှုတာဝန်ခံအဖြစ် လုပ်ဆောင်စေခဲ့ပါသည်။ အမြဲတမ်း “မိသားစု” ကဲ့သို့ စိတ်ထားဖြင့်ဆက်ဆံနေပြီး အနာဂတ်တွင် အထူးကျွမ်းကျင်အဖြစ်မရပ်တန့်ဘဲ ပိုမိုကြာရှည်စွာ အလုပ်လုပ်စေချင်ပါသည်။

အထူးကျွမ်းကျင်လုပ်သားများနှင့်အင်တာဗျူး【ISHIGE FISH】

ဂျပန်လူမျိုးဝန်ထမ်းများကို ညွှန်ကြားမှုများလည်း ဆောင်ရွက်လျက်ရှိပါတယ်

CHEN XU

ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေးအတတ်ပညာများကို လေ့လာချင်သည့်အတွက် ဂျပန်နိုင်ငံသို့ လာခဲ့ပါတယ်။ မီးဖိုချောင်ဓားအသုံးပြုပုံသည် မည်သူ့အတွက်မဆို ပထမပိုင်းတွင် ခက်ခဲမှာ သေချာပါတယ်။ ဂျပန်လူမျိုးဝန်ထမ်းများကို အတတ်ပညာသင်ပေးချိန်တွင် မိမိမှပထမဆုံးတတ်မြောက်ခဲ့သည့်အချိန်များကို ပြန်လည်စဉ်းစား၍ တူညီစွာလက်ဆင့်ကမ်းလျက်ရှိပါတယ်။

ဤပတ်ဝန်းကျင်တွင် ပိုမို၍ ရင့်ကျက်သွားချင်ပါတယ်

ZHAO LONG

အလုပ်သင်သင်တန်းသားဘဝကတည်းမှ စေတနာပြည့်ဝစွာထောက်ပံ့ပေးမှုများကို လက်ခံလာခဲ့သည့်အတွက် ဆက်လက်ပြီး ဤပတ်ဝန်းကျင်မှာ ရင့်ကျက်သွားချင်သည့်အတွက် အထူးကျွမ်းကျင်အဖြစ် ဤနေရာတွင် အလုပ်လုပ်ရန် ရွေးချယ်ခဲ့ပါတယ်။ ကုန်ပစ္စည်းများကို မိမိ၏ SNS တွင် မိတ်ဆက်ထားပြီး သူငယ်ချင်းများ ဝယ်ရန်လာသည့်အခါ ပျော်ရပါတယ်။

လုပ်ငန်းအကြောင်း:MARUKAICHI SUISAN Co., Ltd
  • လုပ်ငန်းအကြောင်းအရာ:ရေထွက်ကုန်တင်သွင်းခြင်း၊ ရောင်းချခြင်း၊ လက်ကားရောင်းခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ လက်လီရောင်းခြင်းလုပ်ငန်း
  • ဝန်ထမ်းဦးရေ:200ဦး (အချိန်ပိုင်းဝန်ထမ်းအပါ)
  • အထူးကျွမ်းကျင်လုပ်သားလက်ခံဦးရေ:5ဦး (လက်ခံအမျိုးအစား - ဗီယက်နမ် 5ဦး)

【MARUKAICHI SUISAN】
နိုင်ငံခြားသားလုပ်သားရင်းမြစ်များ၏နေထိုင်မှုအခြေအနေ၊ နောက်ဆက်တွဲစနစ်

အထူးကျွမ်းကျင် 5ဦးသည် အလုပ်လုပ်သည့်စက်ရုံမှ မိနစ်အနည်းငယ်ကြာလမ်းလျှောက်ရသောနေရာတွင် ရှိသည့် အငှားအိမ်တွင် နေထိုင်လျက်ရှိပါသည်။ အလုပ်သင်သင်တန်းသားများလည်း ကျားမ 50ဦးခန့် ရှိသည့်အတွက် ကျွန်တော်တို့ကုမ္ပဏီတွင် အမျိုးသမီးအဆောင်သစ်ကိုလည်း ဆောက်လုပ်ခဲ့ပါသည်။ အငှားအိမ်သည် စူပါမားကတ်စသည့်ဆိုင်များနှင့်ဝေး၍ဆောင်းရာသီတွင် လမ်းလျှောက်၍ စျေးသွားဝယ်ရန်ခက်ခဲသည့်အတွက်စက်ရုံမှ ပိတ်ရက် တနင်္ဂနွေနေ့တွင် ကာယကံရှင်များမှ တောင်းဆိုမှုရှိခဲ့လျှင် ဘတ်စ်ကားဖြင့် အပို့အကြိုလုပ်ပေးနေပါသည်။

အထွေထွေတာဝန်ခံနှင့်နိုင်ငံခြားသားလုပ်သားရင်းမြစ်များသည် SNS နှင့် အဆက်အသွယ်ရှိကာ အချိန်မရွေးတိုက်ရိုက်ဆက်သွယ်နိုင်ရန် လုပ်ဆောင်ထားပါသည်။ နေထိုင်မကောင်းခြင်းစသည့်အချက်အလက်များသည် အချိန်နှင့်တပြေးညီဝင်သည့်အတွက် အဆင်ပြေစွာ ဖြေရှင်းဆောင်ရွက်နိုင်သည့် အားသာချက်ရှိပါသည်။ ည 8နာရီလောက်တွင် “အခန်းသော့ပျောက်သွားပီ” ဆိုပြီး အကြောင်းကြားလာသည့်အခါ အဆက်အသွယ်ရှိနေ၍ အဆင်ပြေခဲ့ရသည်ကို လက်တွေ့ခံစားခဲ့ရပါသည်။

မွန်းဘဲ့စုမြို့တွင် အယောက် 500ခန့်ရှိသောနိုင်ငံခြားသားလုပ်သားရင်းမြစ်များ နေထိုင်လျက်ရှိပါသည်။ ထို့အတွက် နိုင်ငံတကာချစ်ကြည်ရေးဆလွန်းနှင့်ဂျပန်ဘာသာစကားစာသင်ခန်းများ၊ အားကစားပွဲများ၊ လူမှုဘဝလေ့လာရေးပွဲစသည့် တစ်မြို့လုံးပါဝင်သောထောက်ပံ့မှုစနစ်ရှိပြီး လုပ်ငန်းအနေနှင့်လည်း ကျေးဇူးတင်ရှိရပါသည်။ အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မွန်းဘဲ့စု၏ကောင်းကွက်များကို နိုင်ငံခြားသားလုပ်သားရင်းမြစ်များသို့ လက်ဆင့်ကမ်းကာ ကြာရှည်စွာအလုပ်လုပ်ပေးနိုင်မည့်နေထိုင်ရလွယ်ကူသောပတ်ဝန်းကျင်ဖန်တီးမှုကို ဆောင်ရွက်သွားချင်ပါသည်။

အထူးကျွမ်းကျင်လုပ်သားများနှင့်အင်တာဗျူး【MARUKAICHI SUISAN】

“အတွေ့အကြုံရှိသူ” အနေနှင့် အမှားမရှိသော အလုပ်လုပ်ခြင်း

NGUYEN THI HUONG SEN

 အထူးကျွမ်းကျင်မဖြစ်ခင်တွင် အလုပ်သင်သင်တန်းသားအနေနှင့် 3နှစ်ကြာ ကြက်သားပြုပြင်ထုတ်လုပ်ခြင်းစက်ရုံတွင် အတွေ့အကြုံယူခဲ့ပါတယ်။ ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းအလုပ်သည်လည်း ဂျပန်တွင် အလုပ်လုပ်ခဲ့သော “အတွေ့အကြုံရှိသူ” ဆိုသည့် ကိုယ်ပိုင်နားလည်သဘောပေါက်မှုဖြင့် အလုပ်သင်ဘဝထက်ပိုသော အမှားမရှိသောအလုပ်လုပ်ကိုင်မှုဖြစ်ရန် သတိထားလုပ်ဆောင်လျက်ရှိပါတယ်။

အလုပ်ရော ဂျပန်စကားပါ ပိုမို ကျွမ်းကျင်ချင်ပါတယ်

TRAN THI LE GIANG

ဤနေရာတွင် အလုပ်စလုပ်၍ 1နှစ်ခန့်ကြာခဲ့ပြီဖြစ်ကာ ပတ်ဝန်းကျင်နှင့်အလုပ်တွင်လည်း အသားကျနေပြီး ပတ်ဝန်းကျင်ရှိနိုင်ငံခြားသားလုပ်သားရင်းမြစ်များနှင့်သတင်းအချက်အလက်များလဲလှယ်ရင်း သင့်သင့်မြတ်မြတ်ဖြင့် အလုပ်လုပ်နေပါတယ်။ ဂျပန်လူမျိုးဝန်ထမ်းများနှင့်လည်း တက်တက်ကြွကြွစကားပြော၍ အလုပ်ရော ဂျပန်စကားပါ ပိုမို ကျွမ်းကျင်ချင်ပါတယ်။

စားသောက်ကုန်ထုတ်လုပ်ငန်း

ပြင်ပအစားအစာလုပ်ငန်း

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။