လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်းလက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

CASE02စားသောက်ကုန်ထုတ်လုပ်ငန်းSuzuki Eikodo

နိုင်ငံခြားသားလုပ်သားရင်းမြစ်များကိုအလုပ်ခန့်အပ်ခြင်းနှင့်တာဝန်ပေးအပ်ခြင်းအတွေ့အကြုံများကိုအသုံးချခြင်း

လုပ်ငန်းအကြောင်း
  • လုပ်ငန်းအကြောင်းအရာ:မုန့်ထုတ်လုပ်ခြင်း၊ မုန့်လက္ကားရောင်းချခြင်း၊ မုန့်များတင်သွင်းခြင်း၊ တင်ပို့ခြင်း
  • ဝန်ထမ်းအရေအတွက်:210 ဦး (ရုံးချုပ်ဦးရေ)၊ 326 ဦး (ရုံးပေါင်းဦးရေ) နှစ်ခုလုံးသည် လက်ရှိ 2020ခုနှစ် ဧပြီလ 1ရက်နေ့ လက်ရှိ
  • အထူးကျွမ်းကျင်လုပ်သားလက်ခံဦးရေ:3 ဦးခန့် (လက်ခံအမျိုးအစား - ဗီယက်နမ် 3ဦး)

နိုင်ငံခြားသားလုပ်သားရင်းမြစ်များလက်ခံရခြင်းရည်ရွယ်ချက်

လွန်ခဲ့သော 9 နှစ်ခန့်မှစ၍ နည်းပညာသင်တန်းသားလက်ခံခြင်းကို စတင်ခဲ့ပြီး ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းခွင်ရှိ လုပ်သားရင်းမြစ်များကို အတည်တကျ ထားရှိနိုင်ရန်အတွက် အထူးကျွမ်းကျင်လုပ်သားအလုပ်ခန့်အပ်ခြင်းကို စတင်ခဲ့ပါသည်။ နည်းပညာသင်တန်းသားနှင့်အထူးကျွမ်းကျင်လုပ်သားများအပြင်လည်း ကုမ္ပဏီအတွင်းတွင် နိုင်ငံခြားလုပ်ငန်းဌာန၏အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်ခန့်ထားသောနိုင်ငံခြားသားများလည်း အလုပ်လုပ်နေပါသည်။ ထို့ပြင် အများပြည်သူအလုပ်အကိုင်တည်ငြိမ်စေရေးဌာနမှတဆင့် အလုပ်ခန့်အပ်ခြင်းလှုပ်ရှားမှုတွင် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းခွင်ဝန်ထမ်းအဖြစ် နိုင်ငံခြားသားကို ခန့်အပ်ခြင်းရှိပြီး၊ နိုင်ငံခြားသားဖြစ်သည်ကို အထူးတလည် စိတ်ထဲထားခြင်းမျိုးမရှိဘဲအလုပ်ခန့်အပ်၍ အတူတကွအလုပ်လုပ်နေသည့်အနေအထားကိုပျိုးထောင်ထားနိုင်သည်ဟု ခံစားရပါသည်။

ကျွန်တော်တို့ကုမ္ပဏီသည် တရုတ်နှင့်ဗီယက်နမ်တွင် နိုင်ငံခြားရုံးခွဲများရှိပြီး ယခင်တုန်းက နည်းပညာသင်တန်းပြီးမြောက်၍ နိုင်ငံပြန်ခဲ့သောနည်းပညာသင်တန်းသားဖြစ်ခဲ့သူကို ဗီယက်နမ် ကုမ္ပဏီခွဲတွင် အလုပ်ခန့်ခဲ့ခြင်းမျိုး ရှိပါသည်။ အထူးကျွမ်းကျင်ပြီးမြောက်ပြီးနောက် ဝန်ထမ်းတာဝန်ပေးအပ်ခြင်းများသည် နောက်ပိုင်းတွင်ထည့်သွင်းစဉ်းစားရမည့်ကိစ္စဖြစ်သော်လည်း အနာဂတ်တွင် အထူးကျွမ်းကျင်လုပ်သားလည်းပဲ နိုင်ငံခြားရုံးခွဲတွင် စွမ်းဆောင်နိုင်သောလုပ်သားရင်းမြစ်ဖြစ်လာနိုင်မည်မဟုတ်ပါလားဟု မျှော်လင့်လျက်ရှိပါသည်။

နိုင်ငံခြားသားလုပ်သားရင်းမြစ်များ၏အလုပ်လုပ်ခြင်း၊ နေထိုင်မှုအခြေအနေ

ချောကလက်စသည်တို့ကိုထုတ်လုပ်သော အိဂစက်ရုံတွင် ကုန်ပစ္စည်းစစ်ဆေးခြင်း၊ ထုတ်ပိုးခြင်းစသည့် ကုန်ထုတ်လုပ်ခြင်းလိုင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်၏စားသောက်ကုန်များသည် ကမ္ဘာတွင်လည်း ထိပ်တန်းအဆင့်ပစ္စည်းအရည်အသွေးကို ဂုဏ်ယူနေရပါသည်။ အထူးသဖြင့် အထူးကျွမ်းကျင်လုပ်သားများတွင် ထိုပစ္စည်းအရည်အသွေးကို မထိခိုက်စေရန် အဆင့်မြင့်ပိုးမွှားကင်းစင်သန့်ရှင်းမှုထိန်းသိမ်းခြင်း၊ ပစ္စည်းအရည်အသွေးထိန်းသိမ်းခြင်းအသိပညာများကို တတ်မြောက်စေချင်သည်ဟု စဉ်းစားမိပါသည်။ ထို့ပြင် နေထိုင်မှုတွင်လည်း ဂျပန်စာစာသင်ခန်းများကို တက်တက်ကြွကြွတက်ရောက်ခြင်း၊ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲများကို မိမိကိုယ်တိုင်မှ ဖြေဆိုလိုခြင်းမျိုးကို မြင်တွေ့ရပြီး ဂျပန်ဘာသာသင်ယူခြင်းအပေါ် ရယူလိုစိတ်မြင့်မားမှုကို ခံစားရပါသည်။

နောက်ဆက်တွဲစနစ်

ဂျပန်နှင့်နိုင်ငံခြားတိုင်းပြည်တို့၏ယဉ်ကျေးမှုနှင့် ပုံမှန်အသိကွဲပြားမှုတို့ကို နားလည်ရန်အတွက် e-learning စသည်ကိုအသုံးပြု၍ ဂျပန်လူမျိုးဝန်ထမ်းများမှ လေ့လာသင်ယူနိုင်ရန်အခွင့်အလမ်းကို ဖန်တီးထားပါသည်။ ထို့ပြင် နိုင်ငံခြားသားလုပ်သားရင်းမြစ်များရှိသည့် လုပ်ငန်းနေရာများတွင် လက်ခံအဖွဲ့အစည်းများနှင့် ပုံမှန် ဆွေးနွေးခြင်းမျိုးပြုလုပ်ပြီး အဆင်မပြေသောကိစ္စများကို ဂရုတစိုက်မေးမြန်းရယူနိုင်ရန် အားထုတ်လျက်ရှိပါသည်။ ပန်းကြည့်ခြင်း၊ စားသောက်ပွဲ၊ BBQ စသည့် ကုမ္ပဏီအတွင်းရှိပွဲများတွင် ဂျပန်လူမျိုးဝန်ထမ်းများနှင့်အတူတကွ ပျော်ရွှင်နေသည့်ပုံစံကို တွေ့မြင်ရသည့်အတွက် ဝမ်းသာရပါသည်။ ဂျပန်ကိုလာခဲ့ရတဲ့အတွက် ကောင်းလိုက်တာဟု ခံစားမိစေရန်မှာလည်း ကျွန်တော်တို့၏ဆန္ဒဖြစ်ပါသည်။

အထူးကျွမ်းကျင်လုပ်သားများနှင့်အင်တာဗျူး

အလုပ်မှာစိတ်သစ်လူသစ်မွေးထားပါတယ်

ဒအို သီ ဖွန်း(DAO THI PHUONG)စံ

မွေးရပ် ဗီယက်နမ်

ဂျပန်လူမျိုးများရဲ့အလုပ်လုပ်ပုံကိုသင်ယူချင်တယ်လို့ တွေးပြီးတော့ လွန်ခဲ့တဲ့ 3 နှစ်က နည်းပညာသင်တန်းသားအဖြစ် ဂျပန်လာခဲ့ပါတယ်။ 2020 ခုနှစ် ဇူလိုင်လမှာ အထူးကျွမ်းကျင် အမှတ်စဉ် 1 ဖြစ်လာပြီးနောက်ပိုင်းမှာတော့ အခုထက်ပိုပြီး သေသေချာချာ လုပ်ငန်းများကို ဆောင်ရွက်ရတော့မယ်လို့ စိတ်သစ်လူသစ်မွေးထားပါတယ်။

လုပ်ငန်းခွင်တွင်း စကားပြောဆိုမှုများမှ ဂျပန်ဘာသာစကားတိုးတက်လာခဲ့ပါတယ်

ငု သီ ငဲ့(NGO THI NGUYET)စံ

မွေးရပ် ဗီယက်နမ်

လုပ်ငန်းခွင်ရှိ ဂျပန်လူမျိုးများအားလုံးက သဘောကောင်းကြပြီး အလုပ်နဲ့ဂျပန်ဘာသာစကားကိုလည်း လုပ်ငန်းခွင်မှာ ပြောဆိုဆက်ဆံရင်း အဆင့်မြင့်လာအောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ ဗီယက်နမ်မှာကလေးနဲ့ မိသားစုရှိပြီး နေ့တိုင်း ဖုန်းနဲ့ စကားပြောပြီး အားတွေရှိနေပါတယ်။

အကောင်းဆုံးသာဓကများ တင်ပြခြင်း (ပြင်ဆင်ဆဲ)

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

စားသောက်ကုန်ထုတ်လုပ်ငန်း

次へ
前へ

ပြင်ပအစားအစာလုပ်ငန်း

次へ
前へ

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။