JTB

နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ရေးဆိုင်ရာ ဘက်စုံကူညီရေးလုပ်ငန်းကျွမ်းကျင်လုပ်သားစနစ်၏စားသောက်ကုန်ထုတ်လုပ်ငန်းနယ်ပယ်နှင့် ပြင်ပအစားအစာလုပ်ငန်းနယ်ပယ်

လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း လက်ခံခဲ့သည့်ဥပမာများတင်ပြခြင်း 

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို လက်ခံလျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများ၏ပြောကြားချက်များကို တင်ပြပါမည်။

အကြောင်းအရာ၀၁စားသောက်ကုန်ထုတ်လုပ်ငန်း ABECHO SHOTEN CO.,LTD. Kesennuma Foods

ထုတ်လုပ်မှုလိုင်းကိုညွှန်ကြားခြင်းနှင့် စီမံခန့်ခွဲခြင်းများပြုလုပ်နိုင်သောဝန်ထမ်းများအတွက်

ထုတ်လုပ်မှုလိုင်းကိုညွှန်ကြားခြင်းနှင့် စီမံခန့်ခွဲခြင်းများပြုလုပ်နိုင်သောဝန်ထမ်းများအတွက်
လုပ်ငန်းသတင်းအချက်အလက်
  • လုပ်ငန်းအကြောင်းအရာ : လတ်ဆတ်သောငါးများကို ရေခဲရိုက်ခြင်း၊ စီမံပြုလုပ်ထားသော ရေထွက်ကုန်များကို ထုတ်လုပ်ခြင်း
  • လုပ်သားဉီးရေ:၁၄၄ဉီး
  • ကျွမ်းကျင်လုပ်သားအဖြစ် လက်ခံခဲ့သူအရေအတွက် : ၃ ဉီး (ခွဲခြားဖေါ်ပြချက် : အင်ဒိုနီးရှား ၃ဉီး)

နိုင်ငံခြားသားဝန်ထမ်းများလက်ခံရသည့်ရည်ရွယ်ချက်

ယခုလက်ရှိတွင် နည်းပညာလေ့လာရေးကျောင်းသား ၃၈ဉီး၊ နည်းပညာလေ့လာရေးအမှတ်3 မှ ကျွမ်းကျင်လုပ်သားအမှတ်1 သို့ပြောင်းလာသူ ၃ဉီးကိုအလုပ်ခန့်ထားလျက်ရှိပြီး၊ အားလုံးနီးပါးသည် အင်ဒိုနီးရှားသားများဖြစ်ပါသည်။ စီမံပြုလုပ်ထားသော ရေထွက်ကုန်လုပ်ငန်းသည် ဥတုရာသီအလိုက် ဖမ်းမိသည့်ငါးအမျိုးအစားများ မတူညီသောကြောင်း ငါးအသီးသီးတွင် လိုအပ်သောစီမံမှုလုပ်ရသည့် နည်းလမ်းများလည်းမတူညီပါ။ ထို့အတွက်ကြောင့် တစ်နှစ်ပတ်လုံးတွင် တူညီသောထုတ်ကုန်တစ်ခုထဲကို အမြောက်အများထုတ်လုပ်သည့် လုပ်ငန်းများနှင့်နှိုင်းယှဉ်ပါက စက်ပစ္စည်းပြောင်းလဲမှု များပြားခြင်းနှင့် ဝန်ထမ်းမလုံလောက်မှုများသည် ပြဿနာတစ်ခုဖြစ်နေပါသည်။ ကျွမ်းကျင်လုပ်သား၃ဉီးအား ထုတ်လုပ်မှုလိုင်းတစ်ခုကို သေသေသေချာချာညွှန်ကြား၍ စီမံနိုင်သော ဝန်ထမ်းအဆင့်အလုပ်တာဝန်ကို အပ်နှင်းမည်ဟုစဉ်းစားကာ ကျွမ်းကျင်မှုတိုးတက်စေရန်နှင့် အဆင့်သတ်မှတ်ချက်စနစ်များကို ထည့်သွင်းစဉ်းစားနေပါသည်။

နိုင်ငံခြားသားဝန်ထမ်းများလက်ခံရသည့်ရည်ရွယ်ချက်

နိုင်ငံခြားသားဝန်ထမ်းများ၏ အလုပ်နှင့် နေထိုင်မှုအခြေအနေ

ကျွမ်းကျင်လုပ်သားဝန်ထမ်းများသည် လတ်တလောတွင် ဉီးစီးရမည့်လိုင်း၏ စီမံခန့်ခွဲရေးတာဝန်ကို မှတ်သားနေသော အဆင့်တွင်သာရှိပါသေးသည်။ နည်းပညာလေ့လာရေးကျောင်းသားဘဝမှစ၍ “စီနီယာ”အနေဖြင့် မိမိအနားရှိ လေ့လာရေးကျောင်းသားများကို ညွှန်ကြားပြသခြင်းနှင့် လက်စွဲစာအုပ် ဘာသာပြန်ခြင်းများကိုပြုလုပ်ခဲ့ပြီး၊ ထိုတာဝန်များကိုလည်း ဆက်လက်၍ ဆောင်ရွက်နေပါသည်။ အလုပ်နှင့် နေထိုင်မှုဘဝနှစ်ခုစလုံးတွင် လေ့လာရေးကျောင်းသားများအား ကြည့်ရှုပေးပါသည်။ လုပ်ငန်းဘက်မှ လေ့လာရေးကျောင်းသားများအတွက် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ရာတွင်လည်း ပါဝင်ဆောင်ရွက်ပေးသောကြောင့် အားထားရပါသည်။

ယခင်က နိုင်ငံခြားသားလုပ်သားများ၏အမြင်ကို ထည့်သွင်းပြီး ဟလာလ်ငါးဆော့စ် ကိုစတင်ထုတ်လုပ်ခဲ့ပါသည်။ ဝမ်းနည်းစရာအနေနဲ့၊ အလုပ်သမားများ၏ မွေးရပ်မြေဖြစ်သော အင်ဒိုနီးရှားတွင်မူ ရောင်းချခြင်းမရှိသော်လည်း တောင်အမေရိက၊ မလေးရှား၊ စင်ကာပူသို့တင်ပို့ခဲ့ပြီး ရောင်းအားမြင့်တက်လာခဲ့ပါသည်။ ယခုနောက်ပိုင်းတွင်လည်း နိုင်ငံခြားသို့ ပိုပြီးရောင်းချနိုင်အောင် တိုးမြှင့်လုပ်ဆောင်သွားမည်ဟု စဉ်းစားထားပါသည်။

နိုင်ငံခြားသားဝန်ထမ်းများ၏ အလုပ်နှင့် နေထိုင်မှုအခြေအနေ

လိုက်နာဆောင်ရွက်သည့်စနစ်

လက်စွဲစာအုပ်နှင့် စက်ရုံအတွင်းရှိပိုစတာများတွင် အင်ဒိုနီးရှားဘာသာဖြင့် ထုတ်ဝေထားပါသည်။ တဖန် အပတ်စဉ် အင်တာနက်ပေါ်မှ တွေ့ဆုံသည့်စနစ်ကိုအသုံးပြုထားသည့် ဂျပန်စာသင်ကြားရေးကိုဆောင်ရွက်၍ ဂျပန်စာတိုးတက်လာစေရန် အထောက်အပံ့ပေးနေပါသည်။ ခဲဆန်းနုမရှိမြို့သည် အင်ဒိုနီးရှားနှင့်ဆက်နွယ်မှုမှာ နက်နက်ရှိုင်းရှိုင်းရှိပြီး မြို့တွင်း၌ အင်ဒိုနီးရှားသား ၃၅၀ကျော် နေထိုင်လျက်ရှိပါသည်။ ထို့အတွက်ကြောင့် ဒေသအတွင်း၌လည်း အလျင်အမြန် နေသားတကျဖြစ်သွားနိုင်ပြီး (ခဲဆန်းနုမီနတိုပွဲတော်) တွင်လည်း ယုခတဝတ်ဆင်၍ ပါဝင်ဆင်နွဲခြင်း၊ အင်ဒိုရိုးရာဝတ်စုံဖြင့် အရွယ်ရောက်သူများကြိုဆိုပွဲတွင် ပါဝင်ဆင်နွဲခြင်းများပြုလုပ်၍ ဒေသတွင်းနေထိုင်သူတစ်ယောက်အနေဖြင့် ပျော်ရွှင်စွာနေနိုင်ပါသည်။

က်နာဆောင်ရွက်သည့်စနစ်
အထူးကျွမ်းကျင်လုပ်သားမှတ်ချက်များ

အထူးကျွမ်းကျင်လုပ်သားဖြစ်လာပြီး တာဝန်ယူလိုစိတ်မှာ ပိုပြီးပြင်းထန်လာပါသည်

ရိဆမဲ ဆရတမ(RISA MEI SELATAMA)

ဇာတိ  အင်ဒိုနီးရှား
လုပ်သက် ၆ နှစ်

အင်ဒိုနီးရှားတွင်ရှိသော ဂျပန်လုပ်ငန်း၏ စက်ရုံတွင် အလုပ်လုပ်ခဲ့သည့် အတွေ့အကြုံရှိပြီး ဂျပန်၏ လုပ်ကိုင်နည်းများတွင် နေသားကျနေသည့်အတွက် ၂၀၁၄ခုနှစ်တွင်နည်းပညာလေ့လာရေးကျောင်းသားအဖြစ် ဂျပန်သို့ရောက်လာပါသည်။ ဂျပန်လူမျိုးနှင့် အင်ဒိုနီးရှားလူမျိုးများသည် တွေးခေါ်ပုံများမှာ ဆယ်ယောက်ဆယ်မျိုးဖြစ်ပါသည်။ ယဉ်ကျေးမှုနှင့် စရိုက်များကွဲပြားနေသော်ငြားလည်း ကြင်နာစွာနှင့်လက်ခံပေးခဲ့သည်ဟု ခံစားမိပါသည်။ ၂၀၂၀ခုနှစ် ဩဂုတ်လတွင် ကျွမ်းကျင်လုပ်သားအမှတ်၁ သို့ကူးပြောင်းပြီး ယခင်ကထက်ပို၍ အလုပ်နှင့်သက်ဆိုင်သော တာဝန်ယူစိတ်များကို ပိုခံစားလာရပါသည်။ ယခုနောက်ပိုင်းတွင်လည်း ညွှန်ကြားမှုလုပ်နည်း၊ လိုင်း၏ စီမံခန့်ခွဲရာတွင် လိုအပ်သော အသိပညာများကို သေသေချာချာ လေ့လာသွားပါမည်။ ဂျပန်တွင် သင်ယူတတ်မြောက်ခဲ့သော နည်းပညာနှင့် အသိပညာများ၊ စုဆောင်းမိသောငွေများကိုအသုံးချပြီး နောက်နောင် အင်ဒိုနီးရှားတွင်လည်းစားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းကို ထူထောင်သွားမည်ဟု စဉ်းစားထားပါသည်။

ရိဆမဲ ဆရတမ(RISA MEI SELATAMA)

စားသောက်ကုန်ထုတ်လုပ်ငန်း

ပြင်ပအစားအစာလုပ်ငန်း

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။