လုပ်ငန်းအကြောင်းအကျဉ်းချုပ်
နိုင်ငံခြားသားဝန်ထမ်း လက်ခံရန်အတွက် ဗီဇာအမျိုးအစားအသစ် ဖြစ်သည့် “ကျွမ်းကျင်လုပ်သား” ဗီဇာမှာ နက်ရှိုင်းလာသည့် လုပ်သားအင်အားမလုံလောက်မှု ကို ဖြေရှင်းလုပ်ဆောင်ရန် အတွက် ကုန်ထုတ်စွမ်းရည်မြှင့်တင်ရန်နှင့် ပြည်တွင်းလုပ်သား ထိန်းသိမ်းထားရှိရန် ကြိုးပမ်းလုပ်ဆောင်သော်လည်း လုပ်သားအင်အား ထိန်းသိမ်းထားရှိရန် ခက်ခဲသည့် အခြေအနေ ဖြစ်နေသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်တွင် သတ်မှတ်ထားသည့် ဘာသာရပ်ဆိုင်ရာ အသိပညာ၊အတတ်ပညာရှိပြီး ချက်ချင်း အသုံးချနိုင်သည့် နိုင်ငံခြားသားဝန်ထမ်းများကို လက်ခံရန် စနစ်ဖြစ်ပါသည်။ ဤ Site မှာ စိုက်ပျိုးမွေးမြူရေး၊သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းဝန်ကြီးဌာနမှ စီမံအုပ်ချုပ်သည့် နယ်ပယ် 2 ခု (စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် ပြင်ပအစားအစာလုပ်ငန်း)ရှိ လက်ခံမည့် လုပ်ငန်း နှင့် နိုင်ငံခြားသားဝန်ထမ်းများ အတွက် ရည်ရွယ်၍ အကျိုးရှိမည့် သတင်းအချက်အလက်များကို ဖြန့်ဝေပါမည်။