FAQ မေးလေ့ရှိသောမေးခွန်းများ
(FAQ)

ဆက်သွယ်ဆွေးနွေးရေးဌာနတွင် အများစု လာရောက်မေးမြန်းဆွေးနွေး တိုင်ပင်မှုများနှင့် ဤသည်နှင့်သက်ဆိုင်ရာ ဖြေကြားချက်များကို စုစည်းထားပါသည်။ နားမလည်သောအချက်များရှိပါက ဆက်သွယ်ဆွေးနွေးရေးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျွမ်းကျင်လုပ်သားစနစ်

ကျွမ်းကျင်လုပ်သားအဖြစ်အလုပ်လုပ်ချင်၍၊ လိုအပ်သောအရည်အချင်းစစ်လက်မှတ်မှာ မည်သည်တို့ဖြစ်သလဲ။

အရင်ဆုံး၊ အလုပ်လုပ်ချင်သောလုပ်ငန်းအမျိုးအစား၏ အရည်အချင်းစစ်စာမေးပွဲနှင့်၊ ဂျပန်စာစာမေးပွဲကို အောင်မြင်ခြင်းမှာ လိုအပ်ပါသည်။ လယ်ယာလုပ်ငန်းအရည်အချင်းစစ်စာမေးပွဲ(စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် မွေးမြူရေးလုပ်ငန်း) နှင့်၊ "ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N4 နှင့်အထက်" သို့မဟုတ် "JFT-Basic ဂျပန်ဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲ" ကိုအောင်မြင်လျှင် ကျွမ်းကျင်လုပ်သားအဖြစ် အလုပ်ဝင်နိုင်ပါသည်။ လယ်ယာလုပ်ငန်းအရည်အချင်းစစ်စာမေးပွဲနှင့် ပတ်သက်၍ အောက်ပါလယ်ယာလုပ်ငန်းအရည်အချင်းစစ်စာမေးပွဲဝဘ်ဆိုက်ကို အတည်ပြုပါ။

ဂျပန်နိုင်ငံလုံးဆိုင်ရာလယ်ယာလုပ်ငန်းအထွေထွေအဖွဲ့အစည်းညီလာခံက ဦးစီးသော၊ လယ်ယာလုပ်ငန်းအရည်အချင်းစစ်စာမေးပွဲတရားဝင်ဝဘ်ဆိုက်
https://asat-nca.jp/

ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားနှင့် သက်ဆိုင်သော နေထိုင်ခွင့်လျှောက်ထားမှုလုပ်ငန်းစဉ်များကို ပြောပြပေးပါ။

"ကျွမ်းကျင်လုပ်သား" နေထိုင်ခွင့်ဖြင့် ပြည်ဝင်ခြင်း၊ နေထိုင်ခြင်းကို ဆန္ဒရှိသော နိုင်ငံခြားသားနေထိုင်ခွင့်လျှောက်ထားမှုသည်၊ အနီးအနားတွင်ရှိသော လူဝင်မှုကြီးကြပ်ရေးဌာနတွင် လက်ခံဆောင်ရွက်ပေးပါသည်။ အသေးစိတ်နှင့်ပတ်သက်၍ အောက်ပါစာမျက်နှာကို ကိုးကားကြည့်ရှုပါ။
ယခုမှစ၍ ဂျပန်သို့ပြည်ဝင်တော့မည့် နိုင်ငံခြားသားများ
→ နေထိုင်ခွင့်ကတ်ပြားလျှောက်ထားခြင်း
https://www.moj.go.jp/isa/applications/procedures/nyuukokukanri07_00196.html

လက်ရှိလဲ ဂျပန်တွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများတွင်၊ ကျွမ်းကျင်လုပ်သားအဖြစ် ကူးပြောင်းခြင်းကို ဆန္ဒရှိနေသောသူများ
→ နေထိုင်ခွင့်ပြောင်းလဲခြင်းခွင့်ပြုမိန့်လျှောက်ထားခြင်း
https://www.moj.go.jp/isa/applications/procedures/nyuukokukanri07_00197.html

ကျွမ်းကျင်လုပ်သားအဖြစ် နေထိုင်ဆဲဖြစ်ပြီး၊ နေထိုင်ခွင့်ကာလပြောင်းလဲခြင်းကို လုပ်ဆောင်မည့် နိုင်ငံခြားသားများ
→ နေထိုင်ခွင့်ကာလပြောင်းလဲခြင်းခွင့်ပြုမိန့်လျှောက်ထားခြင်း
https://www.moj.go.jp/isa/applications/procedures/nyuukokukanri07_00199.html

လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်၍

အလုပ်သင်သင်တန်းသားအမှတ်(၂)ကို လယ်ယာလုပ်ငန်းမှအပ လုပ်ငန်းတစ်ခုခုတွင်ပြီးဆုံးပြီးလျှင်၊ လယ်ယာလုပ်ငန်း၏ ကျွမ်းကျင်လုပ်သားအဖြစ် ကူးပြောင်းခြင်းကို လုပ်နိုင်ပါသလား။

လယ်ယာလုပ်ငန်း၏အရည်အချင်းစစ်စာမေးပွဲ (စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် မွေးမြူရေးလုပ်ငန်း) ကိုအောင်မြင်လျှင်၊ ကျွမ်းကျင်လုပ်သားအမှတ်(၁)အဖြစ် အလုပ်လုပ်နိုင်ပါသည်။ အလုပ်သင်သင်တန်းသားအမှတ်(၂)ကို ထူးချွန်စွာပြီးဆုံးထားသည့်အခါ၊ ဂျပန်စာစာမေးပွဲကို ကင်းလွတ်ခွင့်ရနိုင်ပါသည်။

စိုက်ပျိုးရေးလုပ်ငန်း၏ အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ခဲ့ပါသည်။ မွေးမြူရေးလုပ်ငန်းတွင်လည်း ဝင်ရောက်လုပ်ကိုင်နိုင်ပါသလား။

မွေးမြူရေးလုပ်ငန်း၏ အခြေခံဖြစ်သော အရည်အချင်းရရှိထားသည်ဟု မပြောနိုင်သောကြောင့်၊ စိုက်ပျိုးရေးလုပ်ငန်း၏စာမေးပွဲကိုသာ အောင်မြင်ထားသည့်အခါ မွေးမြူရေးလုပ်ငန်းကိစ္စများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုနိုင်ပါ။ သို့သော်၊ မွေးမြူရေးလုပ်ငန်း၏ အရည်အချင်းစစ်စာမေးပွဲတွင်လည်း အောင်မြင်ထားလျှင်၊ မည်သည့်လုပ်ငန်းကိစ္စတွင်မဆို ဝင်ရောက်လုပ်ကိုင်နိုင်ပါသည် (လုပ်ငန်းအမျိုးအစားမှာ ဆန့်ကျင်ဘက်ဖြစ်လျှင်၊ တဖန် လုပ်ငန်းအမျိုးအစားတစ်ခုခုတွင် အလုပ်သင်သင်တန်းသားအမှတ်(၂) ကိုပြီးဆုံးထားသည့်အခါလည်း အတူတူပဲဖြစ်သည်။)
တဖန်၊ လယ်ယာလုပ်ငန်းရှင်က စိုက်ပျိုးရေးနှင့် မွေးမြူရေး စုပေါင်းစီမံခန့်ခွဲအုပ်ချုပ်နေပြီး၊ ဂျပန်လူမျိုးဝန်ထမ်းများက ပုံမှန်အတိုင်း စိုက်ပျိုးရေးလုပ်ငန်းကိစ္စအပြင် မွေးမြူရေးလုပ်ငန်းကိစ္စတွင်လည်း လိုက်ပါလုပ်ကိုင်နေသောအခါ၊ ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများလည်း မွေးမြူရေးလုပ်ငန်းကိစ္စများတွင်လည်း ဆက်စပ်လုပ်ငန်းကိစ္စအဖြစ် လိုက်ပါလုပ်ကိုင်နိုင်ပါသည်။

အလုပ်ရှာဖွေပုံ

အလုပ်ကို ဘယ်လိုရှာဖွေလျှင် ကောင်းမလဲ။

လယ်ယာလုပ်ငန်း၏ အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်လျှင်၊ အလုပ်ခေါ်အချက်အလက်တင်ပေးသည့်ဝဘ်ဆိုက်ကို အသုံးပြုနိုင်ပါသည်။ အသေးစိတ်ကို အောင်မြင်ပြီးနောက် အီးမေးလ်ကို အတည်ပြုပါ။
အခြား Hello Work တို့၊ ပုံမှန်ဖွင့်လှစ်ပေးသည့် အလုပ်ချိတ်ဆက်ပွဲများလည်း တွဲဖက်အသုံးပြုပါ။
※အားနာစွာဖြင့်ပန်ကြားလိုသည်မှာ၊ အတိုင်အပင်ကောင်တာတွင် အလုပ်ချိတ်ဆက်ဝန်ဆောင်မှုကို ဆောင်ရွက်ခြင်းမရှိပါ။

အရည်အချင်းစစ်စာမေးပွဲ

စာမေးပွဲရက်စွဲကို ဘယ်ကနေ အတည်ပြုနိုင်ပါသလဲ။

လယ်ယာလုပ်ငန်းအရည်အချင်းစစ်စာမေးပွဲဝဘ်ဆိုက်၏ "နိုင်ငံအလိုက်စာမေးပွဲအချက်အလက်" မှအတည်ပြုပါ။https://asat-nca.jp/exam/

စာမေးပွဲမှာ မည်သည့်ဘာသာစကားများဖြင့် ဖြေဆိုနိုင်ပါသလဲ။

စာမေးပွဲဖြေဆိုနိုင်သော ဘာသာစကားများမှာ အောက်ပါအတိုင်းဖြစ်သည် : ဂျပန်၊ အင်္ဂလိပ်၊ မြန်မာ၊ ခမာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ နီပေါ၊ တရုတ်၊ မွန်ဂို (လက်ရှိအရ) စာမေးပွဲလျှောက်လွှာတင်သည့်အခါ၊ စာမေးပွဲဘာသာစကားကို ရွေးချယ်နိုင်ပါသည်။

စာမေးပွဲလျှောက်လွှာတင်နေစဉ် ပြဿနာအမှား ဖြစ်ပေါ်ပြီး၊ ID စာရင်းသွင်းခြင်း၊ လျှောက်လွှာတင်ခြင်း မပြုလုပ်နိုင်ပါ။

အရင်ဆုံး အသုံးပြုသူလမ်းညွှန်စာကို ကိုးကားဖတ်ရှုပါ။
http://ac.prometric-jp.com/shared/userguide/base/userguide_body_jp.pdf

အထူးသဖြင့် အောက်ပါအခြေအနေများတွင်၊ ပြဿနာအမှားဖြစ်ပေါ်သွားနိုင်သောကြောင့် သတိပြုပါ။
・နာမည်၊ လိပ်စာစသည်တို့ကို အင်္ဂလိပ်စာလုံးဖြင့် ထည့်သွင်းပါ။
・ခရက်ဒစ်ကတ်ဖြင့် ပေးချေသည့်အခါ၊ 3D လုံခြုံရေးဆောင်ရွက်ထားသည့် ကတ်ကိုသာ အသုံးပြုနိုင်ပါသည်။

စာမေးပွဲရလဒ်မှာ ဘယ်တော့ သိရှိနိုင်ပါသလဲ။

စာမေးပွဲပြီးဆုံးချိန် မျက်နှာပြင်တွင် စာမေးပွဲရလဒ်ကို ဖော်ပြထားပါသည်။
စာမေးပွဲရလဒ်အသိပေးစာမှာ စာမေးပွဲပြီးဆုံးချိန်မှ ရုံးဖွင့်ရက်၅ရက်အတွင်း၊ ဘိုကင်ဝဘ်ဆိုက်တွင် အတည်ပြုနိုင်ပါသည်။

စာမေးပွဲမအောင်မြင်သောအခါ၊ ပြန်လည်ဖြေဆိုစည်းမျဉ်းများရှိပါသလား။

စာမေးပွဲနေ့၏ နောက်နေ့မှရေတွက်၍၊ (၄၅) ရက်အတွင်း တူညီသောစာမေးပွဲကို မဖြေဆိုနိုင်ပါ။

လက်ခံဆောင်ရွက်ပေးနိုင်သော ငွေပေးချေမှုနည်းလမ်းကို ပြောပြပေးပါ။

အခြေခံအားဖြင့် ခရက်ဒစ်ကတ်(စာမေးပွဲဖြေဆိုသူကာယကံရှင်၏ကတ်မဟုတ်လည်းပဲ ပြဿနာမရှိပါ)၊ သို့မဟုတ် PayPay ဖြင့်ငွေပေးချေနိုင်ပါသည်။ အဖွဲ့အစည်းအနေဖြင့် စာမေးပွဲဖြေဆိုသည့်အခါ "ဘောက်ချာ" ကိုဝယ်ယူနိုင်ပါသည်။

စုံစမ်းမေးမြန်းရေးရုံးဖွင့်ချိန် (စနေတနင်္ဂနွေ၊ ပွဲတော်ရက်များ၊ နှစ်သစ်ကူးပိတ်ရက်များမှ အပ) ကြားရက် - 10:00 မှ 17:30 ထိ

  • နိုင်ငံခြားသားဝန်ထမ်းများအတွက် တိုင်ပင်ဆွေးနွေးရေးဌာန* အီးမေးလ်ဖြင့်သာ စုံစမ်းမေးမြန်းပါရန် ပန်ကြားအပ်ပါသည်။